31 C
Yangon

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၃ ဦးကို ဖမ်းဆီးထားပြီး ရိက္ခာဖြင့် လာရောက် လဲလှယ်ခိုင်း၊ မလဲလှယ်လျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်

Must read

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၃ ဦးကို ဖမ်းဆီးထားပြီး ရိက္ခာဖြင့် လာရောက် လဲလှယ်ခိုင်း၊ မလဲလှယ်လျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဇူလိုင် ၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၃ ဦးကို ဖမ်းဆီးထားပြီး ရိက္ခာဖြင့် လာရောက် လဲလှယ်ခိုင်းပြီး မလဲလှယ်လျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက် အကြပ်ကိုင်နေကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့ အထိုင် စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဂုန်ညှင်းလျှိုရွာမှ ကောက်စိုက်သမ ၁၁ ဦး၊ အမျိုးသား ၃ ဦး နှင့် နွား ၄ ကောင်ကို ဖမ်းဆီးထားပြီး ဓားစာခံများ ပြန်လည် လွှတ်ပေးစေလိုလျှင် မိသားစုဝင်များ အနေဖြင့် ရိက္ခာဖြင့် လာရောက် လဲလှယ်ရမည်ဟု ခြိမ်းခြောက်အကြပ်ကိုင်နေကြောင်း သိရှိရသည်။

“ပြန်လွှတ်ပေးစေလိုလျှင် ရိက္ခာနဲ့ အလဲအလှယ် လုပ်ရမယ်။ လာမရွေးရင် သေနတ်သံ တစ်ချက်ကြားလျှင် ဓားစာခံ တစ်ယောက်သတ်ဖြတ်မယ်” ဟု အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။

လက်ရှိချိန်တွင် ကန့်ဘလူမြို့နယ်နှင့် ကောလင်းခရိုင်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) များက လနှင့်ချီ၍ ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီ တပ်သားများ ရိက္ခာ ပြတ်လပ်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရိက္ခာရရှိရေးအတွက် ယခုကဲ့သို့ အရပ်သားပြည်သူများကို ဓားစာခံဖမ်းဆီး၍ ခြိမ်းခြောက် ရိက္ခာရှာဖွေရသည့် အခြေအနေကို ဆိုက်ရောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article