ရန်ကုန်တွင် ပြည်သူ့တော်လှန်ရေးအင်အားစုများက ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ် ပန်းဖလက်များဝေကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၇
ရန်ကုန်မြို့တွင် ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက “ကျောင်းသားရာချီ သတ်ဖြတ်ခံရတဲ့ ဆဲဗင်းဂျူလိုင် ” ပန်းဖလက်များဖြန့်ဝေပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ ပြုလုပ်ခဲ့ကြသည်။