26 C
Yangon

ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်တွင် လူငယ် ၁၄ ဦးကို စစ်တပ်က ဝင်ဖမ်းပြီး ၁ ဦးကို ပစ်သတ်၊ မြို့ပြပျောက်ကျားလူငယ်များ ဖြစ်ဖွယ်ရှိဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၂၈

ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်တွင် လူငယ် ၁၄ ဦးကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စစ်တပ်က ဝင်ဖမ်းပြီး ၁ ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် သွေးအလိမ်းလိမ်းဖြင့် မျက်နှာဖူးရောင်နေသော လူငယ်တစ်ဦးကို စစ်တပ် ခေါ်ဆောင်လာပြီး အလတ်ချောင်းရပ်ကွက်အတွင်း ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ လူငယ် ၁ ဦးမှာ ထွက်ပြေးသဖြင့် စစ်သားများက လိုက်လံဖမ်းဆီးပြီး လဲကျသွားချိန်တွင် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

“မနေ့မနက် ၁၀ နာရီခွဲမှာ ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့မှာပါတဲ့ လူတစ်ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်ပြီး ခေါ်လာတယ်။ သူက လိုက်ပြရတဲ့သဘောထင်တယ်။ ဖမ်းမိထားတဲ့လူက မျက်နှာမှာ နှိပ်စက်ထားတာ ဖူးရောင်ကိုင်းပြီးတော့ သွေးတွေကျနေတယ်။ အဲဒါနဲ့ မိသွားတာက ၁၄ ယောက်လုံး။ တချို့တဝက် ဘောလုံးကစားနေတုန်းဝင်ဖမ်းတာ။ အဲဒီမှာ ပြေးရင်း လွှားရင်းနဲ့ ပစ်လဲတဲ့တစ်ယောက်ကို သေနတ်နဲ့ ချက်ချင်းပစ်သတ်လိုက်တယ်။ ပွဲချင်းပြီး သေတယ် ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် မည်သည့်အဖွဲ့မှ ဖြစ်သည်ကို မသိရှိရသေးဘဲ လက်ရှိတွင် Dark Shadow အဖွဲ့မှ အဖွဲ့သားများအားလုံး အဖမ်းခံရကြောင်း၊ သေဆုံးသူများလည်း ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article