32 C
Yangon

မောင်တောမြို့နယ်၊ နယ်ခြားစောင့်စခန်းမှ ရဲတပ်သား ၂ ဦး သေနတ် ၂ လက်နှင့်အတူ အလင်းဝင်မှု ငွေကျပ် သိန်း ၂၀ စီ ချီးမြှင့်

Must read

မောင်တောမြို့နယ်၊ နယ်ခြားစောင့်စခန်းမှ ရဲတပ်သား ၂ ဦး သေနတ် ၂ လက်နှင့်အတူ အလင်းဝင်မှု ငွေကျပ် သိန်း ၂၀ စီ ချီးမြှင့်

ရန်ကုန်၊ ဇူလိုင် ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်စခန်းမှ ရဲတပ်သား ၂ ဦး စစ်ကိုင်း တိုင်းအတွင်းရှိ Generation Z Army တပ်ဖွဲ့ထံအဆက်သွယ်ပြီး သေနတ် ၂ လက်နှင့်အတူ အလင်း ဝင်ရောက်ခဲ့ကြောင်း Generation Z Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မေလ ၁၀ ရက်နေ့ မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်စခန်းမှ ရဲ တပ် သား ၂ ဦးသည် ပြည်သူ့ရင်ခွင်ထံသို့ အလင်းဝင်ရောက်လိုကြောင်း Generation Z Army တပ်ဖွဲ့ ထံ ဆက်သွယ်လာသဖြင့် ရခိုင့်တပ်တော်ထံအကူအညီအတောင်းခံကာ အဆင့်ဆင့်ခေါ်ယူခဲ့ပြီး ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့တွင် Generation Z Army တပ်ဖွဲ့ အခြေစိုက်ရာတပ်စခန်းကို ရောက်ရှိပြီဖြစ် ကြောင်း သိရသည်။

“အလင်းဝင်မယ့်သူတွေကို ခေါ်ဖို့ ရခိုင့်တပ်တော်ကို ချိတ်ဆက်အကူအညီတောင်းပြီး ခေါ်ထုတ်ခဲ့ တာပါ။ ရခိုင့်တပ်တော်က ခရီးအတွက် အကူအညီပေးခဲ့ပါတယ်။ ခရီးကဝေးတော့ တဆင့်တဆင့် ချိတ်ခေါ်ရတာမို့ အခုလိုကြန့်ကြာသွားတာပါ။” ဟု Generation Z Army တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ရဲတပ်သား ၂ ဦးနှင့်အတူ MA 11 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုးအစား‌ သေနတ် ၁ လက် နှင့် ကျည် အတောင့် ၂၂၀ ကို ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး Generation Z Army တပ်ဖွဲ့အနေဖြင့် ၎င်းတို့ကို တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀ စီချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲတပ်သားနှစ်ဦးကလည်း Generation Z Army တပ်တော်နှင့် အတူ စစ်အာဏာရှင်ကို တိုက် ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်တွင်သာမက မြန်မာနိုင်ငံ အတွင်းရှိ မည်သည့် တပ်စခန်းကမဆို အလင်းဝင်ရောက်မည် ဆို ပါက လက်ခံ ကြိုဆိုသွားမည်ဖြစ်ပြီး လုံခြုံမှု၊ စိတ်ချမှု ရှိအောင် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article