28 C
Yangon

မိုးမိတ်မြို့နယ်နှင့် မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှု အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး သံဃာတော် ၁ ပါးအပါအဝင် ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာ

Must read

မိုးမိတ်မြို့နယ်နှင့် မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှု အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး သံဃာတော် ၁ ပါးအပါအဝင် ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာ

ရန်ကုန်၊ ဇူလိုင် ၉

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး သံဃာတော် ၁ ပါးအပါအဝင် ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ရွှေတောင်ဦးရွာနှင့် သရက်တောရွာကို လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရွှေတောင်ဦးရွာရှိ နေအိမ်ပေါ်ကို ဗုံးသီး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် သရက်တောဘုန်းကြီးကျောင်းကိုလည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီး ၁ ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မိုးကုတ်အရှေ့ပိုင်း ပိတ်စွယ်ရပ်ကွက်ရှိ နေအိမ် ၁ အိမ်နှင့် မြိုလယ်ရှိ နေအိမ် ၁ အိမ် ထိခိုက် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲ ၁၅ ရက်အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် အရပ်သား ပြည်သူ ၅၀ ဦးသေဆုံးပြီး ၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article