အကြမ်းဖက် စစ်ကောင်စီ၏ ခေါင်းဆောင်ပိုင်းက ပုဂ္ဂလိကဘဏ်ပိုင်ရှင်များအားလုံးကို နေပြည်တော်တွင် လာရောက်ရန် လျှို့ဝှက် ခေါ်ယူ
ရန်ကုန်၊ ဇူလိုင် ၉
အကြမ်းဖက် စစ်ကောင်စီ၏ ခေါင်းဆောင်များက ပုဂ္ဂလိကဘဏ်များ၏ ပိုင်ရှင်များ အားလုံးကို နေပြည်တော်တွင် လာရောက်တွေ့ဆုံရန် လျှို့ဝှက် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။
ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်ရှိ စစ်ကောင်စီရုံးတွင် စစ်ကောင်စီ၏ အတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ပြည်ထဲရေးဝန်ကြီးတို့က ပုဂ္ဂလိကဘဏ်များ၏ ပိုင်ရှင်များအားလုံးကို ခေါ်ယူတွေ့ဆုံမည်ဖြစ်ကြောင်း၊ အဆိုပါ ခေါ်ယူမှုတွင် ဗဟိုဘဏ်ဥက္ကဋ္ဌကိုပါ ခေါ်ယူထားကြောင်း သိရှိရသည်။
စစ်ကောင်စီက ထိုသို့ ခေါ်ယူတွေဆုံရန်ဖိတ်ကြားရာတွင် လျှို့ဝှက် ခေါင်းစဉ်တပ်၍ ဖိတ်ကြား ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
မကြာသေးမီက စစ်ကောင်စီက ပုဂ္ဂလိကဘဏ် ၇ ခုကို ဗဟိုဘဏ်သတ်မှတ်ထားသည့် ငွေကြေးပမာဏထက် ပိုမို၍ အိမ်ရာချေးငွေများ ထုတ်ချေးသည်ဟုဆိုကာ ဘဏ်များနှင့် ပိုင်ရှင်များကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။