28 C
Yangon

ယင်းမာပင်၊ ပုသိမ် -မုံရွာ လမ်းမပေါ်တွင် စခန်းချတပ်စွဲထားသော စစ်ကြောင်းမှ လုံခြုံရေးကင်းပတ်သော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်း ဆည်းရရှိ

Must read

ယင်းမာပင်၊ ပုသိမ် -မုံရွာ လမ်းမပေါ်တွင် စခန်းချတပ်စွဲထားသော စစ်ကြောင်းမှ လုံခြုံရေးကင်းပတ်သော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်း ဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်းမပေါ်တွင် အင်အား ၁၅၀ ခန့်ဖြင့် စခန်းချတပ်စွဲ ထားသောအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ်သားများကို တိုက် ခိုက် ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အာဏာရှင်တော် လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ယင်းမာပင်ပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်း ပေါ် ၌ အင်အား ၁၅၀ ခန့်ဖြင့် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ကင်းပတ်ထွက် လာ သော အကြမ်းဖက် စစ်သားများအား အုံတုံပင်ကျေးရွာနှင့် ကျေးစာကျ ကျေးရွာကြား လမ်းခု လတ်တွင် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၁ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားအသုံးပြုသော MA-11 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ် ၃ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ပုသိမ်-မုံရွာလမ်းပေါ်မှာက တပ်စွဲထားတာကြာပြီ၊ ကြေးနီသယ်တဲ့ ကားတွေကို လုံခြုံရေးယူပေးဖို့ လမ်းပိုင်းစိုးမိုးရေးယူထားတဲ့စစ်ကြောင်းပဲ၊ အဲဒီအထဲကမှာ ၆ ယောက်က ကင်းပတ်ထွက်လာတာ၊ အဲဒီ ၆ ဦးနဲ့ ကျနော်တို့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကနဲ့က ကျေးစာကျရွာနဲ့ အုံတုံပင်ရွာကြားမှာ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာ” ဟု အာဏာရှင်တော် လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်- ၃၀ – ADPRA တပ်ခွဲ ၂ (Black Shadow PDF) ၊ မင်းမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့၊ မဟူရာဒေါင်းမင်း တပ်ဖွဲ့၊ CDRF နှင့် Black Eagle တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article