မြင်းမူမြို့နယ်တွင် ကင်းစောင့်ရန် ထွက်လာသော စစ်သားများနှင့် အထိုင်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၂၂
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် ကင်းစောင့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများနှင့် အထိုင်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ နှင့် ၁၀ နာရီ ၃၇ မိနစ်ခန့်တွင် မြင်းမူမြို့မှ ဝမ်းပြည့် ဘက်ကို ကင်းစောင့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု ရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အလားတူ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းကျေးရွာအနီး မြောင်လမ်းခွဲတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောာင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စစ်ခွေးသေစာရင်းတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖလက်အောက်ခံ People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ TGYR-YouthGueerrillaCounterRevolution-(ငါန်းဇွန်) ၊Black Eagle Defence Force – MMU၊ နယ်မြေ PDF များနှင့် မဟာမိတ် အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။