32 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသည့် ရဲ ၃ ဦး သေနတ် ၁ လက်ယူဆောင် လာပြီး အလင်းဝင်

Must read

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသည့် ရဲ ၃ ဦး သေနတ် ၁ လက်ယူဆောင် လာပြီး အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၃၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသည့် ရဲ ၃ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း-၁၆ မှ IO ကိုစနေ ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ် မြန်မာ ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသော အမှတ် ၂၈ ရဲ တပ်ရင်းမှ ရဲတပ်သား ၃ ဦးဖြစ်သည့် မောင် ဝင်းမင်းသူ၊ မောင်စိမ်း မောင်မောင်နှင့် မောင်မင်း ခန့်သူ တို့သည့် ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ် ရင်း၊ တပ်ခွဲ ၁ – Brother Defense Force တပ်ဖွဲ့ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

“သူတို့က ရဲတပ်ရင်း ၂၈ က ၊ သူတို့က ဝမ်ပေါင်မှာ တာဝန်ကျနေတာ၊ သူတို့ကိုသွားခေါ်တဲ့အချိန်မှာ လည်းအဆင်ပြေပါတယ်၊ ချောချောမွေ့မွေ့ပါပဲ၊ သူတို့က သူငယ်ချင်း ၃ ယောက်၊ အပတ်စဉ်လည်း တူတယ်။ ထွက်တဲ့အချိန်က တစ်ယောက်က ကင်းကျနေတဲ့အချိန်ထွက်လာဆိုတော့ ကျန်တဲ့ နှစ် ယောက်က လက်နက်မယူနိုင်ခဲ့ဘူး။ CDM ဝင်တဲ့သူတွေများနေလို့ဆိုပြီး ကင်းကျတဲ့အချိန်မှပဲ သူတို့ ကို လက်နက်ပေးတာဆိုတော့၊ ကင်းချိန်မဟုတ်ဘူးဆိုရင် ဘယ်ရဲကိုမှ လက်နက်ပေးမထားဘူး။” ဟု ယင်းမာပင်ခရိုင်တပ်ရင်း-၁၆ မှ IO ကိုစနေ ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ အလင်းဝင်လာသူ ၃ ဦးသည် G3 သေနတ် ၁ လက် ၊ 7.62 ကျည် ၁၀၀ တောင့်၊ ကျည် ဘောက် ၂ ခု ၊ လက်ကိုင်ဖုန်း ၃ လုံးတို့ ယူဆောင်လာအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို လုံခြုံ သည့်နေရာတွင် ထိန်းသိမ်းထားကာ ဂုဏ်ပြုဆုငွေချီးပေးနိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။

“အခုလိုလက်နက်နဲ့အလင်းဝင်လာတဲ့အတွက် သူတို့ကိုဂုဏ်ပြုချီးမြှင့်ဖို့အစီအစဉ်ရှိပါတယ်။ ဒါပေ မယ့်ကျနော်တို့ တပ်ရင်းမှူးက ရှေ့တန်းရောက်နေတာဆိုတော့ ကျနော်တို့ သူလာမှပဲ ဘယ်‌လောက် ဘယ်လောက်ဆိုတာ ဆုံးဖြတ်နိုင်မှာ။ အလင်းဝင်မယ့်သူတွေကို အချိန်မရွေးကြိုဆိုပါတယ်။ သူတို့ တပ်ထဲမှာ ဝါဒဖြန့်ထားသလို ‘မင်းတို့ထွက်လာရင် သူတို့ကလက်နက်ယူပြီးသတ်ပစ်တာ’ မျိုး‌ တွေ မလုပ်ပါဘူး။ကျနော်တို့တပ်ရင်းမှာဆိုရင် CDM ရဲကြီးပဲ ၇ ယောက်ရှိပါတယ်” ဟု ယင်းမာပင် ခရိုင်တပ်ရင်း-၁၆ မှ IO ကိုစနေ ပြောဆိုသည်။

ထိုသို့ ပြည်သူလူထုနှင့်အတူ ရပ်သည်လာသော CDM သူရဲကောင်းများကို ပြည်သူများအနေဖြင့် တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြပါရန် ယင်းမာပင်ခရိုင်တပ်ရင်း-၁၆ က မေတ္တာရပ်ခံထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article