သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်
ရန်ကုန်၊ ဩဂုတ် ၃
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာရဲစခန်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်နေသည့်ကြားမှ တော်လှန်ရေး တပ်ဖွဲ့များအပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သေဆုံးမှု စာရင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု အခြေအနေကို စီစစ်နေဆဲဖြစ်၍ အသေးစိတ် အခြေအနေကို ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေး သေဆုံးမှု အရေအတွက် နဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုတော့ ထပ်မံထုတ်ပြန်ပါ့မယ်။ လက်ရှိချိန်ထိ နယ်မြေရှင်းလင်းတာတွေ စီစစ်တာတွေ လုပ်နေတုန်းပါပဲ” တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။