လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ဩဂုတ် ၃
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဩဂုတ်လ ၃ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသပြည်သူများ ပူးပေါင်းပါဝင်ခဲ့ ကြကြောင်း သိရှိရသည်။