32 C
Yangon

ဆောတွင် တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ကျောက်ထုအမြောက်တပ်က အနိမ့်ကျေး ရွာမှ‌ နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီး

Must read

ဆောတွင် တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ကျောက်ထုအမြောက်တပ်က အနိမ့်ကျေး ရွာမှ‌ နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဩဂုတ် ၄

မကွေးတိုင်း၊ ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျောက်ထုမြို့အမြောက် တပ်မှ စစ်သားများ က အနိမ့်ကျေးရွာရှိနေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၃ ရက် နံနက် အစောပိုင်း ၂ နာရီခန့်တွင် ကျောက်မြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ အမြောက် တပ် ၃၆၈ မှ စစ်သား ၁၂၀ ခန့်သည် မင်းကျေးရွာဘက်မှ တဆင့် လက် ပန်း၊ ပဆုပ်ကျေးရွာများကို ဖြတ်ကျော်ကာ အနိမ့်ကျေးရွာသို့ နံနက် ၁၀ နာရီအချိန်စတင်ဝင် ရောက် ၍ ပြည်သူများ၏ လူနေအိမ်များအား စတင်မီးရှို့ဖျက်ဆီးကြောင်းကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၃၀ ခန့်ရှိသော အနိမ့်ကျေးရွာမှ နေအိမ် ၁၈ လုံးမီးလောင် ပြာကျခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်း မွန်းလွဲ ၂ နာရီအချိန်တွင် လာရာလမ်း အတိုင်း ပြန်လည်ထွက်သွားကာ ညနေ ၆ နာရီအချိန်တွင် ကျောက်ထုမြို့ အမြောက်တပ် ၃၆၈ တပ်ရင်းအတွင်း ဝင်ရောက်သွားကြောင်း သိရသည်။

“ကျောက်ထုဖက်မှာ တိုက်ပွဲမဖြစ်ဝာာအတော်ကြာပြီ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့က ကျောက်ထု အမြှောက်တပ်ထဲမှာ အိမ်ထောက်ကျနေတဲ့ အနိမ့်ကျေး ရွာက အမျိုးသမီးတစ်ဦး တပ်ထဲမှာ မနေချင် တော့လို့ ထွက်ပြေးတာရှိတယ်လို့ ကြားတယ်။ ဒါမဲ့ သူက အနိမ့်ရွာတော့ ပြန်ရောက်မလာဘူး။ သူ ထွက် ပြေးလို့ မီးလာရှို့တဲ့ သဘောမျိုးပဲ။ အဓိကကတော့ ကျောက်ထုတပ်ထဲမှာရှိနေတဲ့ ယောနယ် ကလူတွေ ထွက်မပြေး ရဲအောင်နဲ့ ထွက်ပြေးရင် ရွာကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်လိုက်တာ၊ သူတို့ ရှို့ချင်ရင် ဘယ်ရွာမဆို ရှို့နေတာပါပဲ” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ကျောက်ထုအမြောက်တပ်အတွင်း၌ အိမ်ထောင်ကျနေသူ အနိမ့်ကျေးရွာ အမျိုးသမီးထွက်ပြေးမှုနှင့် ပတ်သက်၍ အမတ ၃၆၈ တပ်ရင်းမှူး ဘုန်းဝင်းကို အထက်အရာရှိများက ဆဲဆိုခဲ့ကြောင်း၊ ထိုသို့ ဆဲဆိုခံရမှုကြောင့် တပ်ရင်းမှူး ဘုန်းဝင်းက မကျေမနပ်ဖြစ်ကာ အနိမ့်ကျေးရွာကို အင်အား အများ အပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ဩဂုတ်လ ၃ရက်နေ့တွင်အကြမ်းဖက်စစ်သားများ မီးရှို့ဖျက်ဆီးခဲ့သော အနိမ့်ကျေးရွာနေ အိမ် များအားတွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article