26 C
Yangon

လားရှိုးသို့ စစ်ကူသွားသော စကခ ၁၂ စစ်ကြောင်းမှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး မသေဆုံးမီ ဒုစစ်ခေါင်းဆောင်စိုးဝင်းနှင့် စစ်ရုံးက အတင်းအကျပ် ဖိအားပေးခဲ့

Must read

လားရှိုးသို့ စစ်ကူသွားသော စကခ ၁၂ စစ်ကြောင်းမှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး မသေဆုံးမီ ဒုစစ်ခေါင်းဆောင်စိုးဝင်းနှင့် စစ်ရုံးက အတင်းအကျပ် ဖိအားပေးခဲ့

ရန်ကုန်၊ ဩဂုတ် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ စစ်ကူသွားသော အမှတ် ၁၂ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂ )မှ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူး ကြီးအောင်ကျော်မိုးသည် ၎င်း၏စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အဆုံးစီရင်သွားခဲ့ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ စစ်ကူလာသော အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂ )စစ်ကြောင်းသည် တန့်ယန်းမြို့နယ် ဟိုနရွာကျေးရွာအနီးတွင် တိုက်ခိုက်ခံရပြီးနောက် စကခ ၁၂ ၏ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူး ကြီး အောင်ကျော်မိုးသည် မိမိကိုယ်ကိုကိုယ် အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း၊ ၎င်းကို ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် စစ်ရုံးမှ ဗိုလ်ချုပ်များက ၀ိုင်းဝန်း ဖိအားပေးခဲ့ကြောင်း သိရှိရသည်။

” ဒီစကခ ၁၂ စစ်ကူ စစ်ကြောင်း ကော့ကရိတ်ပေါ့နော်။ စစ်ကူစစ်ကြောင်းလိုက်ရင်း ဟိုရလမ်းခွဲအနီးမှာ ဖြစ်တဲ့ တိုက်ပွဲ MNDAA တို့ စောင့်ကြိုတိုက်ခိုက်တဲ့ တိုက်ပွဲမှာတင် သူ့ကိုယ်သူ ဆူဆိုက် လုပ်သွားခြင်းပဲ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာက စစ်ရုံးက ကစထ မှူးတွေ ကျန်တဲ့ ဒုချုပ် စိုးဝင်းလောက် ပါမှာပေါ့ ။ သူ့ကို ဖိအားတွေက မင်းတို့ မရောက်သေးဘူးလား မင်းတို့ မရောက်သေးဘူးလားဆိုတဲ့ ဖိအားတွေ ဆက်တိုက်ပေးခံလာရတဲ့အချိန် MNDAA နဲ့ ပူးပေါင်းတပ်တွေကလည်း သတ်ကွင်းထဲမှ အရောက် ဖိအားနဲ့ ဖိနှိပ်ထားတဲ့အချိန်။ ပြီးတော့ စထွက်လာကတည်းကလည်း သူခေါ်လာခဲ့တဲ့ တပ်ရင်း ၄ ရင်းထဲက တပ်ရင်းမှူးတစ်ယောက်နဲ့ အရာရှိ ၂ ယောက်က စပြီးတော့ ထွက်ပြေးတယ်။ အဲဒီလို အနေအထားတွေအရ သူ လုံးဝမခံနိုင်တော့တဲ့အနေအထားမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခြင်းပဲ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

လက်ရှိတွင် ဗိုလ်မှူးကြီး အောင်ကျော်မိုး၏ အလောင်းကို ရှေ့တန်းတွင်ပင် သဂြိုလ်မှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article