TNLA ထိန်းချုပ်ထားသည့် မြို့နယ် ၁၂ ခုတွင် တရားစီရင်ရေး ဆောင်ရွက်ရန် ဗဟို၊ ခရိုင်၊ မြို့နယ်တရားသူကြီးများ နှင့် ဥပဒေအရာရှိ ရှေ့နေများ စုစုပေါင်း ၂၂ ဦးကို ရာထူးနှင့်တာဝန်များ အပ်နှင်း
ရန်ကုန်၊ ဩဂုတ် ၁၂
ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်းအတွင်း တအာင်းတပ်မတော် TNLA က ထိန်း ချုပ်ထားသည့် မြို့နယ် ၁၂ ခုတွင် တရားစီရင်ရေးလုပ်ငန်းများ ဆောင် ရွက် နိုင်ရန် ဗဟိုတရား သူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရား သူ ကြီးများနှင့် ဥပဒေရှေ့နေများကို ရာထူးနှင့်တာဝန်များ အပ်နှင်း လိုက်ကြော်ငး TNLA ကသတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးများအတွင်း TNLA က သိမ်းပိုက်ထားသော နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ် စုစုပေါင်း မြို့နယ် ၁၂ ခုတွင် တအာင်းတပ်မတော် TNLA က ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအားလုံးထံသို့ လုပ်ငန်းတာဝန်လွဲပြောင်းခြင်း၊ တာဝန် ခံအပ်ခြင်းနှင့် ရာထူး အပ်နှင်းခြင်း အခမ်းအနားကို တအာင်းပြည်၊ ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ဩဂုတ်လ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
တအာင်းပြည်အတွင်း တရားစီရင်ရေးစနစ် အားကောင်းစေရန်၊ တရား ဥပဒေစိုးမိုးရေးရှိစေရန်နှင့် တရားမျှတရေး ဆောင် ရွက်နိုင်ရန် ရည်ရွယ်ပြီး တအာင်းပြည် ဗဟိုတရားသူကြီး ၃ ဦး၊ ခရိုင်တရားသူကြီး ၄ ဦး၊ မြို့နယ်တရားသူကြီး ၈ ဦးနှင့် ဥပဒေရှေ့နေ ၇ ဦး အသီးသီးတို့ထံ PSLF/TNLA ဗဟိုအလုပ် အမှု ဆောင်ကော်မတီမှ အမိန့်စာ ထုတ်ပြန်ပြီး အလုပ်ခန့်အပ်လွှာ အပ်နှင်းခြင်းဖြစ် ကြောင်း သိရှိရသည်။
ထို့ပြင် သက်ဆိုင်ရာ ဗဟိုတရားရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးနှင့် ဥပဒေရုံးတို့၏ လုပ်ငန်းတာဝန်များကိုလည်း အသိ အမှတ်ပြုခဲ့ပြီး ၎င်းတို့ထံ လုပ် ငန်းနှင့် တာဝန်ရာထူးများခန့်အပ်ခဲ့ကြောင်း၊ ထိုတရားသူကြီးများ၏ အလုပ်နှင့်ရာ ထူးများခန့်အပ်လွှာ အပ်နှင်းသည့် အခမ်းအနားကို ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဉီး TNLA အထွေထွေအတွင်းရေးမှူး ဗိုလ် ချုပ် တားဘုန်းကျော်၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဂျား၊ ဗဟိုအထွေ ထွေအုပ်ချုပ်ရေးဌာနမှ ဒု-ဌာနမှူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်၊ တအာင်းပြည် ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရား သူကြီး များနှင့် ဥပဒေရှေ့နေများ စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။