ကြို့ပင်ကောက် နှင့်တနင်္သာရီမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး ၂ ဦးအပြင်း အထန် ဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၁၂
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ကြေရာကြေကြောင်းဘုရားအနီးသို့ စစ် ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း Black Dragon GBK – PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ကြို့ပင်ကောက်မြို့နယ်၊ အေးရွာ လေးအနီး ရန်အောင်မြင်ဘုရား တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် ကြေရာကြောင်းဘု ရားဘက်သို့ စစ်ကြောင်းထိုးလာကြောင်း သတင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၄၀ မမ၊ လက် နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့် ကြာ မြင့်ခဲ့ကြောင်း သိရသည်။
“ရန်အောင်မြင်ကျစွာဘုရားကနေ တက်လာတာ။ ကျစွာဘုရားမှာက စစ်သားအင်အား ၅၀ ကျော် မယ်၊ ထပ်ရောက်တာက ၁၅ ယောက်ရှိတယ်။ ပျူစောထီးတွေ အပါဆိုရင် အင်အားက ၁၀၀ ဝန်းကျင် ရှိမယ်။ တိုက်ပွဲဖြစ်ပြီးတော့ အဲဒီရန်အောင်မြင်ကျစွာဘုရားကို ပြန်ဆုတ်သွားတာပါ။ ဒဏ်ရာရတဲ့ ၂ ယောက်ကိုတော့ ကြို့ပင်ကောက်မြို့နယ်ဆေးရုံကိုသယ်သွားတယ်လို့ ကြားမိတယ်” ဟု Black Dragon GBK – PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ရန်အောင်မြင်ဘုရား ဘက်သို့ ပြန်လည် ဆုတ်ခွာသွားပြီး ဒဏ်ရာရ စစ်သား ၂ ဦးကို ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းတိုင်း စစ်ဒေသ၊အမှတ် ၂ စစ်ဒေသခွဲ ၊ သာယာဝတီခရိုင် တပ်ရင်း အမှတ် ၃၈၀၂ ၊ တပ်ခွဲ ၆ Black Dragon (GBK PDF) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ ထံမှ သိရသည်။
ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်း တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအနီး၊ တမုတ်ချုံးချောင်းဖျား သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မြိတ်ခရိုင်ပူးပေါင်း စစ်ကြောင်း ၂ တပ်ဖွဲ့ဝင်များက နံနက် ၅ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၈ နာရီခန့်တွင် တစ် ကြိမ်နှင့် နံနက် ၁၁ နာရီ ၄၇ မိနစ်တွင် တစ်ကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ၃ ကြိမ်တိုင်တိုင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာ ၉ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်သည့် နေရာအား နယ်မြေရှင်းလင်းစဉ် သွေးအိုင်များ အများအပြားကျန်ရှိခဲ့ပြီး ကျည်ဆံအချို့နှင့် ကျည် ဘောက် ၂ ခုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ အဖွဲ့ဝင် များဖြစ်သည့် တနင်္သာရီပကဖဇုန် ၄ တောင်ပံနီ၊ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ ကာကွယ်ရေးပြောက် ကျား၊ ရိုးမ၊ တောဗုံးကြီး၊ ကျွန်းစုပကဖ၊ တိုင်းပကဖလုံခြုံရေးနှင့် ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။