လောင်းလုံးနှင့် ဖလမ်းမြို့နယ်တို့ တွင် ပျူစောထီး ၁ ဦးနှင့် စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်
ရန်ကုန်၊ ဩဂုတ် ၁၉
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီး ၁ ဦးက မိသားစုပါ ခေါ်ယူပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း နွေဦး ပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) ထံမှ သိရသည်။
ဇူလိုင်လ ၁၀ ရက်နေ့က လောင်းလုံးမြို့နယ် ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင် ဦးလှမျိုး သည် နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) ထံသို့ ဆက်သွယ်ကာ မိသားစုလိုက်ခေါ် ဆောင်လာပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းဝင်ရောက်သူ ဦးလှမျိုးသည် AK- အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၀ တောင့် နှင့် လက်ပစ်ဗုံး ၃ လုံး တို့ကို ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့သဖြင့် နွေဦးပြောက် ကျားတပ်ဖွဲ့ (NOGF) မှ ဂုဏ်ပြုဆုငွေ ၄၅ သိန်း ကျပ် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆုကြေးငွေချီးမြှင့်ပေးပြီးနောက် အလင်းဝင်ရောက်လာခဲ့သူ ဦးလှမျိုးနှင့်မိသားစုဝင်များကိုဘေးကင်းလုံ ခြုံရာသို့ ပို့ဆောင်စီစဉ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်(ပျူစော ထီး) အဖွဲ့ဝင်များအား နွေဦးပြောက်ကျားတပ်ဖွဲ့ (NOGF) မှ နွေးထွေးစွာကြိုဆိုလျက်ရှိပြီး လက်နက် ဖြင့်အလင်းဝင်လာသူများကို ထိုက်သင့်သည့် ဂုဏ်ပြုဆုငွေများ ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း အ သိပေးထားသည်။
အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်းမှ တပ်သား တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း CNO/CNDF သတင်းနှင့်ပြန်ကြား ရေးဌာနထံက သိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့က ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၆၈ ခြေလျင် တပ် ရင်းမှ တပ်သား ဇင်မျိုးအောင် သည် CNO/CNDF ထံသို့ ဆက်သွယ်ကာ MA-1 အမျိူးအစား သေနတ် ၁ လက်၊ ကျည်ဆံ အတောင့် ၁၅၀ ၊ အီနာဂါဗုံး ၄ လုံး တို့နှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာခဲ့သည့် တပ်သား ဇင်မျိုးအောင်ကို ချင်းအမျိုး သားအဖွဲ့ချုပ် CNO/ CNDF မှ ဂုဏ်ပြုငွေ ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။