တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အမတ်များနှင့် MFDMC ပြည်ပထောက်ပို့အဖွဲ့များတွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး
ရန်ကုန်၊ ဩဂုတ် ၂၀
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အမတ်များနှင့် MFDMC ပြည်ပထောက်ပို့အဖွဲ့များ ယနေ့ သြဂုတ် ၂၀ ရက်နေ့တွင် တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးမှုတွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ဒီမိုကရက်တစ်ပါတီဗဟိုနှင့် ဆိုးလ်ယဥ်ကျေးမှုပေါင်းစုံကော်မတီဒုဥက္ကဋ္ဌ မြန်မာပြည်ဖွား အီဘွန်းနာ၏ ဆောင်ရွက်မှုဖြင့် ဂါန်ဘွတ်မြို့နယ်အမတ်ဥက္ကဌ မစ္စ ကင်မြောင်ဟီ၊ဂါန်ဆောမြို့နယ်အမတ်ဥက္ကဋ္ဌ မစ္စတာ ဘာဆောင်းဟိုးတို့နှင့် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC ပြည်ပထောက်ပို့ဥက္ကဋ္ဌ ကိုဇော်မိုးအောင်နှင့် တာဝန်ရှိသူများတွေ့ဆုံကာ မြန်မာ့အရေးကူညီဆောင်ရွက်ပေးရန်ဆွေးနွေးတိုင်ပင်ခဲ့ပြီး နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းကလည်း မြန်မာပြည်၏ လက်ရှိအခြေနေများကို ပြောကြားခဲ့ကြောင်း သိရှိရသည်။