32 C
Yangon

ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာကို ပေါ်တာဆွဲရန်လာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာကို ပေါ်တာဆွဲရန်လာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဩဂုတ် ၂၁

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာကို ပေါ်တာဆွဲရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၆ Black Dragon GBK-PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ် ၁၈ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ကွင်းချောင်းရွာရှိ လူငယ်များကို ကျေးရွာ ပျူစောထီးများနှင့် ပူးပေါင်း၍ ပေါ်တာဆွဲရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon GBK-PDF က စစ်ကြောင်းထိုး၍ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိကာ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ရွာထဲက လူငယ်တွေကို ပေါ်တာဆွဲဖို့လာတာ ကွင်းချောင်းကျေးရွာက ပျူစောထီးများဆီကို သွားတဲ့အချိန် ကျွန်တော်တို့ သတင်းရလို့ သွားရောက် တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေဘက်က ထိခိုက် သေဆုံးတာတွေရှိတယ်။ အရေအတွက် အတိအကျတော့ စုံစမ်းနေတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၆ Black Dragon GBK-PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article