27 C
Yangon

နောင်ချိုမြို့နယ်အတွင်း စစ်တပ်က အင်အားဖြည့်တင်းရန် ကြိုစားနေ၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ

Must read

နောင်ချိုမြို့နယ်အတွင်း စစ်တပ်က အင်အားဖြည့်တင်းရန် ကြိုစားနေ၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ

ရန်ကုန်၊ ဩဂုတ် ၂၁

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းရန် ကြိုစားနေ၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း TNLA က ပြောဆိုသည်။

နောင်ချိုမြို့နယ် သရက်ချို၊ တောင်ခမ်းနှင့် ကမ္ဘောဇဘုန်းတော်ကြီးကျောင်း တို့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၁၃ မိနစ်ခန့်တွင် တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ် ၉၀၂ တပ်စခန်း၊ နံနက် ၉ နာရီ ၁၂ မိနစ်ခန့်တွင် သရက်ချိုရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းနှင့် နံနက် ၉ နာရီ ၅ မိနစ်ခန့်တွင် ကမ္ဘောဇ ဘုန်းတော်ကြီးကျောင်းတို့၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ၏ ၉၀၂ တပ်စခန်းတွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း၌ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူ မှလည်း နောင်ချိုမြိုနယ်အတွင်းကို အကြမ်းဖက် စစ်တပ်က စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေပြီး ထိုးစစ်ဆင်လာသောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယမန့်နေ့ သြဂုတ်လ ၂၀ ရက်နေ့ကလည်း နောင်ချိုမြို့နယ် သရက်ချိုရွာ နှင့် တောင်ခမ်းရွာတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article