27 C
Yangon

တနင်္သာရီမြို့နယ်နှင့် တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲလေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

တနင်္သာရီမြို့နယ်နှင့် တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲလေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက K-8W Jet Fighter အမျိုးအစား တိုက်လေယာဉ်ကို အသုံးပြုပြီး တနင်္သာရီမြို့နယ်၊ ဆင်ခေါင်းကျေးရွာရှိဘုရားတောင်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်လည်း ဘန်လောကျေးရွာရှိ စာသင်ကျောင်းကို တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အကြမ်းဖက် စစ်ကောင်စီက ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိသူတွေ မရှိပါဘူး။ ပြည်သူတွေ နေထိုင်တဲ့ နေအိမ် တစ်ချို့ ပျက်စီးသွားတယ်” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယခု ရက်ပိုင်းအတွင်း တနင်္သာရီမြို့နယ်ရှိ ပြည်သူပိုင် နေအိမ်များ၊ ကျေရွာများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ပြည်သူများ အထူးသတိပြု နေထိုင်ကြရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ ညောင်ကုန်းရွာအနီးကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု့ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“စစ်ခွေးတွေ ဗုံးကျဲသွားတာ ညောင်ကုန်းကျေးရွာအနီးမှာပါ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ ဗုံးကျဲသွားတာပါ။ ဘုန်းကြီးကျောင်း အရှေ့ဘက်ကိုကျတယ်။ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှု့ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article