လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ကျေးလက်အခြေပြု လူထုစည်းရုံးလှုံ့ဆော်ရေး
တော်လှန်ရုပ်ရှင်ပြပွဲ ပြုလုပ်
ရန်ကုန်၊ဩဂုတ် ၂၃
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၊ လူထုစည်းရုံးလှုံ့ ဆော်ရေးဆပ်ကော်မတီက ဦးဆောင်ပြီး ကျေးလက်အခြေပြု လူထုစည်းရုံးရေးအဖြစ် တော်လှန်ရုပ်ရှင်ပြသခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် အကြမ်းဖက်စစ်တပ်၏ အခြေခံစီးပွားရေး အရင်းအမြစ်နှင့် ထောက်တိုင်များကို ဖြိုချနိုင်ရေး စည်းရုံးဟောပြောခြင်းလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။