26 C
Yangon

မြင်းခြံနှင့် ဘုတလင်မြို့ပေါ်ရှိ ရဲစခန်း၊ထွေအုပ်ရုံး၊ EPC ရုံးတို့အပါအဝင် စစ်တပ် တပ်စွဲ နေရာများကို တော်လှန်ရေးတပ်များက တိုက်ခိုက်

Must read

မြင်းခြံနှင့် ဘုတလင်မြို့ပေါ်ရှိ ရဲစခန်း၊ထွေအုပ်ရုံး၊ EPC ရုံးတို့အပါအဝင် စစ်တပ် တပ်စွဲ နေရာများကို တော်လှန်ရေးတပ်များက တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၄

မန္တလေးတိုင်း၊ မြင်းခြံမြို့ EPC ရုံးကို မိုင်းခွဲတိုက်ခိုက်ကာ သတိပေးခဲ့ကြောင်း မြင်းခြံအားမာန် မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၃ နာရီ ၄၉ မိနစ်ခန့်က မြင်းခြံမြို့ရှိ EPC ရုံးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားလည်ပတ်နိုင်ရေးအတွက် ဆောက်ပေးနေကြ သော မြင်းခြံခမြို့ရှိ ဌာနဆိုင်ရာ အသီးသီးမှ Non CDM ဝန်ထမ်းများကို သတိပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ဖောက်ခွဲမှုကို မြင်းခြံအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် Burmese Rebels Force – BRF (Myingyan) ပူးပေါင်းကာ လုပ်ဆောင်ခဲခြင်းဖြစ်ကြောင်း သိရသည်။

ယခုလုပ်ဆောင်မှုသည် သတိပေးဖောက်ခွဲ တိုက်ခိုက်ခြင်းသာဖြစ်ပြီး ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ အကြမ်းဖက်စစ်ကောင်ယန္တရား လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးနေသူ မည်သူ့ကိုမဆို အာခံပေး‌ တော့မည်မဟုတ်ကြောင်း မြင်းခြံအားမာန်မြို့ပြပျောက်ကြားတပ်ဖွဲ့ကအသိပေးထားသည်။

ထို့အပြင်စစ်ကိုင်းတိုင်း၊ဘုတလင်မြို့ပေါ်က စစ်ကောင်းစီအထိုင်ချတပ်ဆွဲရာ နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ် သား၊ ရဲများ နေထိုင်ရာ ရဲစခန်း၊ ထွေအုပ်ရုံး ၊ CB ဘဏ် ၊ မိုကျူရှင် နှင့်အထက ကျောင်း စသည့် နေရာများကို ဒရုန်းအသုံးပြုပြီး ဗုံးသီး ၁၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာများကို တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ဘုတလင်မြို့ ပေါ်က စစ်ခွေး စခန်းအားလုံးကို ဒရုန်းနဲ့ ဗုံးသီး ၁၃ လုံး ကျဲချတိုက်ခိုက်ခဲ့ပါ တယ်။ စခတွေ ဘက်ကတော့ ပြာယာခတ် နေကြတယ် ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဒရုန်း လည်းပစ်သလို ကျနော်တို့ ရှိနိုင်မယ့် နေရာတွေဆီကိုလည်း ပစ်ခတ်တယ်။ စခအသေ အပျောက်က တော့ စုံစမ်းနေတုန်းပဲ။ ကိုယ်ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး” ဟု Chindwin Brothers တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြို့နယ်အုပ်ကြီးအဖွဲ့၊ Chindwin Brothers တပ်ဖွဲ့၊ နင်ဂျာအဖွဲ့၊ သိန်းငှက် ညီ‌ နောင်အဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၉ ဗိုလ်နားထိုင်းအဖွဲ့နှင့် တပင်ရွေထီးအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article