စဉ့်ကူးမြို့နယ်၊ ဇီးကျွန်းကျေးရွာအနီးမှ စစ်ဘေးရှောင်ပြည်သူများကို ဆေးဝါးကုသမှုပေး
ရန်ကုန်၊ ဩဂုတ် ၂၆
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဇီးကျွန်းကျေးရွှာ အနီး မှ စစ်ဘေးရှောင်ပြည်သူများကို ဆေးဝါးကုမှု ပေးခဲ့ကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ခံ ကိုနေမင်း သန့်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ ဇီးကျွန်းကျေးရွာအနီးမှ စစ်ဘေးရှောင် ပြည်သူ ၁၀၀ ခန့်ကို ကျန်းမာစောင့်ရှောက်မှုပေးနိုင်ရန် ပြည်တွင်းပြည်ပအလှူရှင်များက ထောက်ပံ့ပေးပို့ခဲ့ ခြင်းဖြစ်ပြီး လုံခြုံရေး အဖြစ် ဧရာဝတီနဂါးတပ်ဖွဲ့ (ဝက်လက်) မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။