32 C
Yangon

မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထုတ်ပြန်ချက်ကို လိုက်နာခြင်း မရှိသော Ooredoo ကုမ္ပဏီကား ဖမ်းဆီးခံရ၊ ကားကို သိမ်းဆည်းပြီး ဝန်ထမ်း အားလုံးကို ပြန်လွှတ်ပေး

Must read

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ယနေ့ မေလ ၅ရက်နေ့၌ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီကားသည် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထုတ်ပြန်ချက်ကို လိုက်နာခြင်း မရှိသည့်အတွက် ကာကွယ်ရေး တပ်ဖွဲ့များက ဖမ်းဆီး ခဲ့ပြီး ယာဉ်ပေါ်ပါလာသည့် ဆီပေပါ ၄လုံးနှင့်ကားကို သိမ်းဆည်း ခဲ့ကြောင်း ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ် တပ်ပေါင်းစု ထံမှ သိရသည်။

Ooredoo ဆက်သွယ်ရေး ကုမ္ပဏီကားသည် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း ပိတ်ပင်ထားသည့်ကြားက အသုံးပြုသွားလာခြင်း၊ ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ စေခိုင်းသည့်အတိုင်း နိုင်ငံအဝန်း ဆက်သွယ်ရေး လိုင်းများ အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ သုံးစွဲသူ ပြည်သူများအပေါ် စစ်ကောင်စီ အလိုကျ ဖုန်းဘေအခွန်များ တိုးမြှင့် ကောက်ခံခြင်းကြောင့် ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ် တပ်ပေါင်းစုနှင့် အမိမြေ တော်လှန်ရေး တပ်ဖွဲ့တို့က ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article