27 C
Yangon

ပြင်းအား ၂ ဆတိုးထားသည့် ဒရုန်းဗုံး အလုံး ၅၀၀ ထုတ်လုပ်ရန် ကူညီထောက်ပံ့မှုလိုအပ်ဟု ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့က ထုတ်ပြန်၊ စစ်ကိုင်းတိုင်း ဒေသကာကွယ်ရေးတပ်များထံ ဖြန့်ဝေပေးမည်

Must read

ရန်ကုန်၊ မေ ၅

ပြင်းအား ၂ ဆတိုးထားသည့် ဒရုန်းဗုံး အလုံး ၅၀၀ ထုတ်လုပ်ရန် ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာသည်။

ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီကို ကောင်းကောင်းခြိမ်းခြောက်နိုင်မည့် Aircraft Bomb(drone/UAV bomb) များကို အမြောက်အများ ထုတ်လုပ်ပေးနေပြီဖြစ်ပြီး မကြာမီ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ PDF/LDF အဖွဲ့များထံသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ Drone Bomb အဖြစ် အသုံးပြုနေကြသည့် M9 Energa ဗုံးသီး တစ်လုံးကို ၃သိန်းခွဲခန့် ကုန်ကျပေသော်လည်း လက်ရှိ Project Falconအရ ထုတ်လုပ်လိုက်သည့် ဗုံးသည် ၁ သိန်းသာ ကုန်ကျကြောင်း၊ M9ထက် ပြင်းအား၂ဆခန့်ဖြစ်စေသည့် ကုန်ကြမ်းနှင့် ယမ်း များပါဝင်ကြောင်း၊ စုစုပေါင်း အရေအတွက် ၅၀၀ခန့်ထုတ်လုပ်ပြီး ချိတ်ဆက်ထားသော PDF/LDF/UG များအားဖြန့်ဝေပေးနိုင်ရန် ပြည်သူများ၏ ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ထုတ်ပြန်ထားသည်။

Project Falcon ကို ထောက်ပံ့ရန်အတွက် အသေးစိတ်ကို PSPT Telegram – https://t.me/PSPT2021 တွင် ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့စစ်သားအဖွဲ့က တီထွင် ထုတ်လုပ်ထားသော ဒရုန်းဗုံးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article