27 C
Yangon

ရေစကြို ကျွန်းလှယဉ်ရွာကို စစ်တပ်က ဝင်စီး လူငယ် ၃၅ ဦးကို ဖမ်းဆီးပြီး ၁ ဦးဆီကို အချက် ၁ဝဝ ကျော် ရိုက်နှက်၊ ပြည်သူပိုင် ရွှေ ၁၅ ကျပ်သား၊ ငွေကြေး သိန်း ၁၅ဝဝ ကိုခိုးယူ လုယက်သွား

Must read

ရန်ကုန်၊ မေ ၅

မကွေးတိုင်း ရေစကြိုမြို့နယ် ကျွန်းလှယဉ်ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၄ ရက်နေ့ နံနက် ၅နာရီခန့်တွက် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာ အတွင်းရှိ လူငယ် ၃၅ ဦးကို ဖမ်းဆီးကာ ၁ ဦးဆီကို အချက် ၁ဝဝ ကျော်ရိုက် နှက်ခဲ့ကြောင်း ဒေသခံပြည်သူက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ရွှေ ၁၅ကျပ်သား၊ ငွေကြေး သိန်း ၁၅ဝဝနှင့် အစားအသောက် အဝတ်အထည် ပစ္စည်းများကိုပါ ခိုးယူလုယက်သွားပြီး နေအိမ် ၃လုံး ဖျက်ဆီးခံရကြောင်း သိရသည်။

” မနေ့က စစ်တပ်က ဝင်စီးသွားပါတယ်။ နေအိမ် ၃လုံး ဖျက်ဆီးခံရတယ်။ ရွာထဲမှာရှိတဲ့ ပြည်သူပိုင် ရွှေ ၁၅ကျပ်သား ဘဏ်စာအုပ်တွေ ရွာထဲက ပြည်သူပိုင် ပိုက်ဆံတွေ အားလုံးပေါင်း သိန်း ၁၅ဝဝ လောက်ရှိတယ်။ ဆိုင်ကယ် အစီး ၃ဝ ကျော် ကား ၁ စီးကိုလည်း ယူသွားတယ်။ ရွာထဲက ဆန်၊ ဆီ အပြင် ငှက်ပျော ခိုင်တွေ ကအစ ယူသွားကြတယ်။ အဝတ်အစား ကောင်းတာတွေ အပြင် အောက်ခံ ဘောင်းဘီတွေက အစယူ သွားကြတယ်။ ဖုန်းကလည်း ဆန်အိတ် တစ်လုံး စာလောက် အသိမ်း ခံရတယ်။ ရွာထဲမှာရှိတဲ့ လူငယ် ၃၅ ဦးလောက်ကိုလည်း ဖမ်းဆီးပြီး တစ်ယောက်ဆီကို အချက် ၁ဝဝ လောက်ရိုက်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းသို့ မေလ ၄ ရက်နေ့ နံနက် ၅ နာရီခန့်ဝင် ဝင်ရောက်ခဲ့ပြီးနောက် ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ သွားပြီး နောက် ည ၇ နာရီခန့်တွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article