29 C
Yangon

စဉ့်ကူးနှင့် မူး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရ

Must read

စဉ့်ကူးနှင့် မူး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကိုပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်မြောင်းမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စဉ့်ကူးမြို့နယ်ကို လက်နက်ကြီးဖြင့် ၄ ချက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကြို့ပင်ရွာနှင့် သီလှရွာတို့၌ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် သီလှရွာမှ အရပ်သား ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများကို အမည်များကို ဆက်လက်စုံစမ်းနေကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နတ်သံကွင်းမြို့ အတွင်းမှနေ၍ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ရာ ကျီးပင်ပေါက် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း နေထိုင်သော အသက် ၆၀ နှစ်အရွယ် ကိုဆန်းဦးနှင့် အသက် ၆၂ နှစ် အရွယ် ဒေါ်ရွှေအိ တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကျော်လှရွာ ပါက်ဇလုတ် ရွာနှင့် စိုက်ကုန်းကျေးရွာများ အတွင်းကို လေယာဉ်ဖြင့် လေးကြိမ် လာရောက် ပစ်ခတ်ခဲ့သောကြောင့် ပါတ်ဇလုပ်ရွာရှိ ဦးသိန်းလွင်၊ ဦးသိုက်စိုးထိုက် နှင့် ဦးကောင်းကြီး တို့၏ နေအိမ် ၃ လုံးထိခိုက်ပျက်စီးခဲ့ရပြီး ကျော်လှရွာသား အသက် ၅၀ နှစ်အရွယ် ကိုဝင်းဌေး မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဥသျှစ်ခင်ကျေးရွာသူ အသက် ၃၄နှစ်အရွယ်မကေသွယ်စိုး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က နတ်သံကွင်း မြို့မှနေပြီး ၁၂၀ မမ လက်နက်ကြီး ၅ လုံးကို ပစ်ခတ်ခဲ့ရာ ရင်းတိုက်ကုန်းကျေးရွာအနီး ကျရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နတ်သာကွင်းမြို့ မှနေပြီး ၁၂၀ မမ လက်နက်ကြီး ၂လုံး ကိုပစ်ခတ်ခဲ့ရာ ငနွားဆိပ် ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားပြီ လက်နက်ကြီးများဖြင့် ရည်ရွယ် ချက်ရှိရှိ ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းကိုပစ်ခတ်တိုက်ခိုက် နေခြင်းကြောင့် ဒေသတွင်း နေထိုင်သော ပြည်သူလူထု များအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ စွာဖြင့် အသက် ရှင်နေထိုင်နေကြရပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ပြည်သူလူထုများအနေဖြင့် စိုက်ပျိုး ရေးလုပ်ငန်းများအား လုပ်ဆောင်ရာ၌ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြကြောင်း KNUဗဟို က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article