29 C
Yangon

နွားထိုးကြီးနှင့်မြင်းခြံတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု နေအိမ်များ ပျက်စီး

Must read

နွားထိုးကြီးနှင့်မြင်းခြံတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့်မြင်းခြံမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ် ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ အသုံးပြုပြီး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ် ခန့်က နွားထိုးကြီးမြို့နယ် ဆူးရစ် ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးသီး အသုံးပြုပြီး ၃ နေရာကို ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ပြီး‌ ရွာသူ၊ ရွာ သားများ အသုံးပြုနေသည့် ရေကန်လည်း ပျက်စီးခဲ့ကြောင်း သိရ သည်။

“၃ နေရာကို ၃ လုံးကျဲသွားတာ။ ကျပေါက်ကွဲတဲ့ ဗုံးကျင်းကိုက လူတစ်ရပ်ကျော်တယ်။ အကျယ်က ၇ တောင်ပတ်လည်လောက်ရှိတယ်။ ကျေးရွာရေကန်မှာတစ်လုံးကျတယ်၊ အဲဒီကျေးရွာရေကန် ပျက်စီးသွားတယ်။ စက်သုံး၊ သောက်သုံးရေကန်၊ ကွန်ကရစ်ရေကန်ပဲ။ အဖွဲ့အစည်းတစ်ခုခုလှူဒါန်း ထားတဲ့ စက်ရေတွင်းကန်ပဲ၊ အုတ်ကန်ပျက်သွားတယ်၊ အဲဒီပတ်ဝန်းကျင်က နေအိမ်တွေလည်း ပျက်စီးတယ်။ ရွာလယ်ကောင်မှာလည်း တစ်လုံးကျဲချတယ်။ လူတော့ ထိခိုက်မှုမရှိဘူး။ အရင် တစ်ခါ ကျဲချသွားတဲ့ ဗုံးတစ်လုံးတောင် မကွဲသေးဘူး။ ရွာထဲမှာ ရှိသေးတယ်။ ဘယ်သူမှလည်း မတူးရဲသေး ဘူး” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယနေ့ နံနက် ၁ နာရီ ၂၀ မိနစ်အချိန် မြင်းခြံမြို့နယ်၊ ပျားကျေးရွာအနီး ထန်းတော ထဲကို အကြမ်းဖက် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၁ လုံးအသုံးပြုပြီး ကျဲတိုက်ခိုက်ခဲ့ရာ ထန်းပင်များ ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မရှိဘူး။ အေးအေးချမ်းချမ်းနေနေကြတဲ့ရွာပါ။ တံတားဦးဘက်ကနေတက်လာတဲ့ လေ ယာဉ်နဲ့ ဗုံးကျဲချသွားတာ။ စစ်ကောင်စီတပ်သားမရှိလို့ အေးချမ်းနေကြတဲ့ရွာတွေကို မနာလိုစိတ်၊ အောက်တမ်းကျတဲ့စိတ် ဓာတ်နဲ့ တိုက်ခိုက်တာ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article