27 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ် တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ

Must read

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ် တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၉

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးထိခိုက်ဒဏ် ရာ ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ် ၏ တိုက်လေယာဉ်များဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို စစ်လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ ထို့ပြင် လေယာဉ်ပေါ်မှ ပစ်ခတ်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း၊ အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ကျုံခဝန်ကျေးရွာမှာ အသက် ၅၇ နှစ် အရွယ် ဦးမောင်ပိန်က ပြင်းထန်ဒဏ်ရာရပါတယ်။ နောက်ပြီး ကလေးငယ် ၁ ဦးလည်း ဒဏ်ရာရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်ကျေးရွာသည် KNU အုပ်ချုပ်မှုအောက်အတွင်း ရောက်ရှိနေသော ကျေးရွာတစ်ခုဖြစ်ပြီး လက်နက်ကိုင်များ တပ်စွဲခြင်းမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article