26 C
Yangon

Update News- လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ လေယာဉ်ဖြင့် ဗုံးကျဲမှု အနည်းဆုံး အရပ်သား ၁၂ ဦးဒဏ်ရာရရှိပြီး ဆုံးရှုံးမှုနှင့်အသေအပျောက် ဆက် လက် အသိပေးမည်ဟု MNDAA က သတင်းထုတ်ပြန်

Must read

Update News- လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ လေယာဉ်ဖြင့် ဗုံးကျဲမှု အနည်းဆုံး အရပ်သား ၁၂ ဦးဒဏ်ရာရရှိပြီး ဆုံးရှုံးမှုနှင့်အသေအပျောက် ဆက် လက် အသိပေးမည်ဟု MNDAA က သတင်းထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၉

အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ကို ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အနည်းဆုံးအရပ်သား ၁၂ ဦးဒဏ်ရာရရှိပြီး ဆုံးရှုံးမှုနှင့်အသေအပျောက် ဆက်လက် အသိပေးမည်ဟု MNDAA က သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ် နှင့် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် မင်းအောင်လှိုင်၏ အာဏာသိမ်း တပ်ဖွဲ့က လားရှိုးမြို့ လူနေရပ်ကွက်များသို့ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဗုံးများသည် လားရှိုး ရပ်ကွက် ၁ တွင် ဗုံး ၂ လုံး ကျရောက်ခဲ့ကြောင်း သိရှိရသည်။

ကနဦး သတင်းအရ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သား ၁၂ ဦး ဒဏ် ရာ ရခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး အတိအကျ ဆုံးရှုံးမှုနှင့် အသေအပျောက်များကို ထပ်မံအသိပေးမည်ဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

လားရှိုးမြို့ကို ယနေ့ နံနက်ပိုင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုမှာ တတိယအကြိမ်ဗုံးကျဲမှုဖြစ်ပြီး ပထမအကြိမ်အဖြစ် သြဂုတ် ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၈ ရက်နေ့ နံနက် ၄ နာရီတွင်လည်းကောင်း လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ လုပ် ဆောင် ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article