26 C
Yangon

အရာတော်-မုံရွာ လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို ၆ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၇ ဦးသေဆုံး

Must read

အရာတော်-မုံရွာ လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို ၆ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၇ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ အရာတော်-မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို ၆ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း Black Dragon အဖွဲ့က ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အရာတော်မြို့မှ ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို မုံရွာခရိုင်အမှတ် ၂၇ တပ်ရင်းနှင့်အတူ မုံရွာခရိုင် အမှတ် ၂၄ တပ်ရင်း မိုင်းမင်းသား‌‌နှင့် Local တပ်ဖွဲ့များ ပူးပေါင်း၍ ခြုံခို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ၁ နာရီ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးနှင့် အရာရှိ ၁ ဦး သေဆုံးခဲ့ကြောင်း၊ ကျန်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အရာတာ်မြို့နယ် ၃၆၉ တပ်ရင်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ ကျည်မလုံလောက်မှုကြောင့် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် မုံရွာဘက်မှ မုံရွာ-အရာတော် လမ်းပိုင်းကို စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ခန့်ပါရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရသေ့ကျောင်းအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင်လည်း မန်ကျည်းသုံးပင်ရွာ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု များပြားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် အရာတာ်မြို့မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မုံရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကြောင်းတို့ ပူးပေါင်း၍ ၆ ဘီးကား ၊ ၁၂ ဘီး ကား ၁၇ စီးဖြင့် မုံရွာဘက်ကို ထွက်ခွာလာရာ ကြံတိုင်းအောင်ဇရပ် အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ရေနံကုန်းအနီးတွင် Three Star ၊ TWDF local အဖွဲ့များနှင့် ပူပေါင်းကာ စစ်ကားယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ကား ယာဉ်တန်းသည် မုံရွာမြို့ထဲကို ပြန်လည် ဝင်ရောက်သွားပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article