30 C
Yangon

ပခုက္ကူမြို့နယ်၊ အောင်သာရွာရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူ များပြား

Must read

ပခုက္ကူမြို့နယ်၊ အောင်သာရွာရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ စက်တင်ဘာ ၁၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာရွာရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် အောင်သာရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

“ပြည်သူများကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခြိမ်းခြောက်နေလို့ အောင်သာရွာ ပျူစောထီးစခန်းကို ဒရုန်း ဗုံးသီးများချပြီး ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ ရန်သူ့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ ၈ ဦးအထက်ရှိတယ်။ ၃ ဦးကတော့ အပြင်းအထန် ထိခိုက် ဒဏ်ရာရတယ်လို့ သိရပါတယ်။ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ပေါက် ပကဖ ၊ BLY ပြည်သူ့ကာကွယ်ရေး ပကဖနှင့် ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article