27 C
Yangon

ပခုက္ကူမြို့နယ်၊ ဆင်မရဲရွာ အနီးရှိ ပျူစောထီး ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ပခုက္ကူမြို့နယ်၊ ဆင်မရဲရွာ အနီးရှိ ပျူစောထီး ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မရဲရွာ အနီးရှိ ပျူစောထီး ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Yesagyo Revolution group (YRG) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဆင်မရဲကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်သည့် ဆင်မရဲဂိတ်ကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာ၍ ဆိုင်ကယ် ၂ စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

“ဆင်မရဲကျေးရွာကနေ ထွက်လာတဲ့ စစ်ခွေး ၂၀ လောက်ပါတဲ့ ကင်းပုန်း က ဆင်မရဲဂိတ်ကို ရောက်လာတဲ့ အချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တာ စစ်ခွေး ၁ ကောင်သေပြီး သေနတ် ၁ လက် ရပါတယ်” ဟု Yesagyo Revolution group (YRG) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Yesagyo Revolution Group (YRG) အဖွဲ့နှင့် အတူ ပခုက္ကူ ခရိုင် တပ်ရင်း (၁၆) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article