27 C
Yangon

တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်စစ်ဒေသခွဲ – PRF အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့၊ ပြည်သူများကို ဖိနှိပ်နှိပ်စက်နေသည့် အုပ်ချုပ်ရေးမှူးများ၏ စာရင်းများ ထပ်မံ တောင်းခံ

Must read

တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်စစ်ဒေသခွဲ – PRF အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့၊ ပြည်သူများကို ဖိနှိပ်နှိပ်စက်နေသည့် အုပ်ချုပ်ရေးမှူးများ၏ စာရင်းများ ထပ်မံ တောင်းခံ

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်စစ်ဒေသခွဲ – PRF အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပြည်သူများကို ဖိနှိပ်နှိပ်စက်နေသည့် အုပ်ချုပ်ရေးမှူးများ၏ စာရင်းများ ထပ်မံ တောင်းခံကြောင်း ချီတာစစ်ဆင်ရေး (Cheetah Operation) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း ပြည်သူများထံမှ အဓမ္မ ငွေကြေး တောင်းခံကာ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားကို ကောင်းမွန်စွာ လည်ပတ်နိုင်ရေး အထောက်အပံ့ပေးနေသော အုပ်ချုပ်ရေးမှူး ကြည်ထွန်းနှင့် ရာအိမ်မှူး ဆွေမြင့်အောင် တို့ သေဆုံးခဲ့ပြီး ရုံးအကူ မျိုးမြင့်ထွန်း (ခ) သားကြီး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုက အုပ်ချုပ်ရေးနဲ့ ရာအိမ်မှူး သေတယ်။ ချီတာစစ်ဆင်ရေး တွေက အပြင်က သက်သက်အလှူခံတာမျိုး မရှိပါဘူး။ OFP နဲ့ပဲ campaign လုပ်ပြီး ဘဏ္ဍာငွေပိုင်း ရှာဖွေပါတယ်။ ပြီးရင် အဖွဲ့ကို personal သိလို ပုံမှန် လာထောက်ပို့ကြတဲ့ ၅၊ ၆ ဦး လောက်ရယ် အဲ့ဒါပဲ ရှိပါတယ်။ အပြင်မှာ လိုက်အလှူခံတာတွေ မရှိပါဘူး” ဟု ချီတာစစ်ဆင်ရေး (Cheetah Operation) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း တိုက်ခိုက်မှုကို “Cheetah Operation” များထဲမှ တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော်မျာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article