လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်ခန့်အပ်ရေး တောင်းဆိုဆန္ဒပြ
ရန်ကုန်၊ စက်တင်ဘာ ၂၄
လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ သံတမန်ရေးရာတိုက်ပွဲမှာ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ထောက်ခံဆန္ဒပြသပိတ်လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။
ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူများက ‘’Our Ambassador Myanmar’s Voice” “ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်‘’ စာသားတို့ကို ကိုင်ဆောင်ပြီး ထောက်ခံဆန္ဒပြုသပိတ် လှုပ်ရှားမှုကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။