28 C
Yangon

ဖားကန့်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ် တပ်စွဲထားသော Lucky Man ဟိုတယ် မီးလောင်နေ

Must read

ဖားကန့်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ် တပ်စွဲထားသော Lucky Man ဟိုတယ် မီးလောင်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် တပ်စွဲထားသော Lucky Man ဟိုတယ် မီးလောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဆိုင်းတောင်ရွာ၌ KIA ၊ KPDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော Lucky Man ဟိုတယ်လည်း မီးလောင်နေကြောင်း သိရသည်။

ဆိုင်းတောင်ရွာတွင် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၈ မိနစ်ခန့်မှစ၍ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ပြီးနောက် တိုက်ပွဲများ စတင်ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖားကန့်၊ ဆိုင်းတောင်မှာ တိုက်ပွဲတော်တော်ပြင်းထန်နေတယ်။ Lucky Man ဟိုတယ်လည်း မီးလောင်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article