34 C
Yangon

ပေါင်းတည်တွင် ဇီးပင်လှ အုပ်ချုပ်ရေးမှူးလည်းဖြစ် သက်ငယ်မုဒိမ်းမှုတရားခံ၊ ထောင်ထွက်၊ ရဲဘက်ပြေးလည်းဖြစ်သူ ငသန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပေါင်းတည်တွင် ဇီးပင်လှ အုပ်ချုပ်ရေးမှူးလည်းဖြစ် သက်ငယ်မုဒိမ်းမှုတရားခံ၊ ထောင်ထွက်၊ ရဲဘက်ပြေးလည်းဖြစ်သူ ငသန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၉

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကွက်သစ်တွင် နေထိုင်သော အကြမ်း ဖက်စစ်ကောင်စီခန့် ဇီးပင်လှ ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ သက် ငယ်မုဒိမ်းမှု တရားခံလည်းဖြစ်၊ ထောင်ထွက်နှင့်ရဲဘက်ပြေး လည်းဖြစ်သူ ငသန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်၊ ၃၆၀၁ PPDFတပ်ရင်း စစ်ထောက် လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီအချိန် အကြမ်းဖက်စစ်ကောင်စီခန့် ဇီးပင်လှအုပ်ချုပ်ရေးမှူး ငသန်း(ခ) ကိုသန်းကို ကြာနီကန်ကွက်သစ် ဘောလုံးကွင်းထဲတွင် အကောက်ကောက်နေစဉ် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၅ နှင့်ရွှေတောင် ပကဖရဲဘော်များက သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ရှင်းလင်းရာနေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူးငသန်းကို စစ်ကောင်စီက သေနတ်အတို ၁ လက်နှင့်လက်ပစ်ဗုံး ၂ လုံးပေးထား သည်ဟု သိရှိရပြီး သေဆုံးချိန်တွင် အဆိုပါ လက်နက်ကို သိမ်းဆည်းရရှိခဲ့ခြင်းမရှိကြောင်း ၊ ၎င်း၏ ဖုန်းကို သိမ်း ဆည်းရရှိခဲ့ပြီး ယင်းဖုန်းအတွင်း အကြမ်းဖက်စစ်ဗိုလ်တစ်ဦးနှင့်ဆက်သွယ်ထားကြောင်း၊ ဓါးမြှောင်တလက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူးငသန်းသည် ယခင် အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခံရ၍ သေဆုံးချိန် လစ်လပ်သောအုပ်ချုပ်ရေးမှူးရာထူးကို ဝင်ရောက် ရယူခဲ့သူဖြစ်ကြောင်း၊ ၎င်းသည် သက်ငယ်မုဒိန်းမှုဖြင့် ထောင်ကျခဲ့သူလည်းဖြစ် ကြောင်း၊ ရဲဘက်ပြေးတဦးဖြစ်သလို အကြမ်းဖက်စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သား စုဆောင်းပေးခြင်း၊ လူငယ်များကို ပေါ်တာဆွဲရာတွင်လိုက်ပါသူလည်းဖြစ်ကြောင်း သိရှိရသည်။

“အုပ်ချုပ်ရေးမှူး ငသန်းက သက်ငယ်မုဒိန်းမှုနဲ့ ထောင်ကျပြီး ရဲဘက်ပြေး ၁ ဦး ဖြစ်သလိုအကြမ်းဖက် စစ်ကောင်စီအတွက် အတင်းအဓ္မစစ်မှုထမ်း စုဆောင်းပေးတာ ပေါ်တာဆွဲရာတွေမှာ လိုက်ပါလုပ်ဆောင်ပေးနေတဲ့သူ နောက်ပြီး ကြက်ဝိုင်း၊ ဂျင်ဝိုင်းဖဲဝိုင်းတွေ ထောင်ပြီးအကောက်ကောက်ငွေရှာတာ အကြမ်းဖက် စစ်ကောင်စီကို ထောက်ပံနေတာတွေကြောင့် ပြတ်ပြတ်သားသား အရေးယူလိုက်ရခြင်းဖြစ်တယ်” ဟု ၃၆၀၁ PPDFတပ်ရင်း စစ်ထောက် လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

အကြမ်း ဖက်စစ်ကောင်စီက ခိုင်းသမျှလုပ်ဆောင်ပေးနေသော ကျန်ရှိနေသေးသည့်အုပ်ချုပ်ရေးမှူးများကိုလည်းယ္ခုကဲ့ သို့ပြတ်ပြတ်သားသားထပ်မံပြီး အ​ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ကြေညာထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article