34 C
Yangon

မြင်းမူမြို့နယ်တွင် အိမ်စီးကားဖြင့် ထွက်လာသော စစ်သားများနှင့် လှည့်ကင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

မြင်းမူမြို့နယ်တွင် အိမ်စီးကားဖြင့် ထွက်လာသော စစ်သားများနှင့် လှည့်ကင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အိမ်စီးကားဖြင့် ထွက်လာသော စစ်သားများနှင့် လှည့်ကင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် မြင်းမူမြို့ အထက ၁ မှ ဝမ်းပြည့်ရွာဘက်ကို အိမ်စီးကားများဖြင့် ကင်းယူရန် ထွက်လာသော စစ်ကောင်စီတပ်သားများသည် တိုင်းရင်းသား စားသောက်ဆိုင် ဘေး၌ ကင်းပုန်းဝပ် နေစဉ် ရှေ့ထွက်မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်ခန့် တွင် ဝမ်းပြည့်ကျေးရွာ အနောက်ဘက်ရှိ ရေဦး ဆီဆိုင်တွင် အထိုင်ချ နေထိုင်နေသော စစ်ကောင်စီ တပ်သားများ ကင်းလှည့်ရန် ထွက်လာစဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် မြင်းမူမြို့ အထက ၁ မှ အိမ်စီးကား ၂ စီးဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ဝမ်းပြည့်ကျေးရွာအရှေ့ဘက်ရှိ ညောင်သုံးပင်တွင် ရှေ့ထွက်မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန် ဒဏ်ရာရရှိပြီး အိမ်စီးကား ၁ စီး မှန်ကွဲ၍ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) အဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သားများ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လိုက်လံ ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article