29 C
Yangon

မင်းလှတွင် ဆိုက်ကားနင်းသူ ဦးသန်းအောင်ကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့သည့် ဗိုလ်ကြီး အာကာစိုးက ကျန်ရစ်သူမိသားစုကို ငွေသိန်း ၂၀ ပေး၍ နှုတ်ပိတ်ခိုင်း

Must read

မင်းလှတွင် ဆိုက်ကားနင်းသူ ဦးသန်းအောင်ကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့သည့် ဗိုလ်ကြီး အာကာစိုးက ကျန်ရစ်သူမိသားစုကို ငွေသိန်း ၂၀ ပေး၍ နှုတ်ပိတ်ခိုင်း

ရန်ကုန်၊ အောက်တိုဘာ ၅

ပဲခူးတိုင်း၊ မင်းလှမြို့တွင် ဆိုက်ကားနင်းသူ ဦးသန်းအောင်ကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး အာကာစိုးက ဦးသန်းအောင်၏ ကျန်ရစ်သူမိသားစုဝင်များကို ငွေကျပ် သိန်း ၂၀ ပေး၍ နှုတ်ပိတ်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မင်းလှမြို့၊ ဗိုလ်ရုံတန်းလမ်းတွင် နေထိုင်သော ဆိုက်ကားနင်းသူ အသက် ၆၀ နှစ်အရွယ် ဦးသန်းအောင်သည် မင်းလှမြို့နယ် ထွေအုပ်ရုံးရှေ့၌ ဆိုက်ကားသမား အချင်းချင်း စကားများရာမှ ရုံးထဲရှိ စစ်ကောင်စီ တပ်သားများကို ဆဲဆိုသည်ဟုဆိုကာ ဦးသန်းအောင်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ဖမ်းဆီးပြီးနောက် ဦးသန်းအောင်ကို ရုံးအပြင်၌ ရိုက်နှက်ခဲ့ပြီး ရုံးထဲရှိ အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး အာကာစိုးထံ ခေါ်ဆောင်လာပြီးနောက် ဦးသန်းအောင်၏ ခြေထောက်ကို ရိုက်ချိုးခြင်း၊ မီးပူဖြင့်ကပ်၍ အမျိုးမျိုး နှိပ်စက်သောကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မင်းလှဆေးရုံ၌ ဦးသန်းအောင်၏ မိသားစုဝင်များကို အလောင်းလာယူခိုင်းပြီး သွေးတိုးဖြင့် သေဆုံးသည်ဟု မိသားစုများကို ဖိအားပေး၍ လက်မှတ်ထိုးခိုင်းပြီး အလောင်းပြန်ပေးကာ ငွေကျပ် သိန်း ၂၀ ပေး၍ နှုတ်ပိတ်ခဲ့ကြောင်း သိရသည်။

“ကျန်တော်တို့ ထပ်သိရတာက ဦးသန်းအောင်ကို နှိပ်စက် သတ်ဖြတ်ခဲ့တဲ့ ဗိုလ်ကြီး အာကာစိုးက မိသားစုဝင်တွေကို သိန်း ၂၀ ပေးပြီး နှုတ်ပိတ်တယ်တယ်။ မိသားစုဝင်တွေက တော်တော်ဆင်းရဲပါတယ်။ ဦးသန်းအောင်ကို အားကိုးပြီး နေကြရတာ” ဟု တပ်တွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

Photo – ဦးသန်းအောင်ကို နှိပ်စက် သတ်ဖြတ်တဲ့သည့် ဗိုလ်ကြီး အာကာစိုး

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article