31.9 C
Yangon

သဲကုန်းမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းသွင် ပစ်ခတ်ခံရပြီး ဒဏ်ရာအလွန်ပြင်းထန်

Must read

သဲကုန်းမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းသွင် ပစ်ခတ်ခံရပြီး ဒဏ်ရာအလွန်ပြင်းထန်

ရန်ကုန်၊ အောက်တိုဘာ ၇

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းသွင် ပစ်ခတ်ခံရပြီး ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PPDFတပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့ ည ၇ နာရီအချိန် ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ပုတီးကုန်း ဝင်းဘရားသားရပ်ကွက်နေ စစ်သားဟောင်း အုပ်ချုပ်ရေးမှူးမင်းသွင်ကို ရပ်ကွက်အလှူခံ မဏ္ဏပ်တွင် ပျူစောထီးများနှင့်အတူရှိနေစဉ် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ က သွားရောက်ပစ်ခတ်ရှင်းလင်းရာ အုပ်ချုပ်ရေးမှူး မင်းသွင်၏ ပေါင်နှင့်ဆီးစပ်ထိမှန်ပြီး ညတွင်းချင်းရွှေတောင်ကုတင် ၁၀၀ စစ်ဆေးရုံသို့တင်ဆောင်ကုသခဲ့ကြောင်း၊ ဒဏ်ရာမှ မသက်သာသဖြင့် ထိုမှတဆင့်ရန်ကုန်ဆေးရုံသို့အတွင်းလူနာအဖြစ်ပို့ဆောင်ခဲ့ကြောင်း ၊ သေဆုံးခြင်းရှိ၊ မရှိကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“အုပ်ချုပ်ရေးမှူးမင်းသွင်က စစ်ထွက် တစ်ဦးဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ပေါင်းပြီး ရပ်ကွက်နေ ပြည်သူတွေကိုစစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မခေါ်ဆောင်ခြင်း၊ငွေကြေး ကောက်ခံပါတယ်။ ပေါ်တာဆွဲရာမှာ စစ်ကောင်စီနဲ့ အတူလိုက်တဲ့အပြင် သန်းခေါင်စာရင်းကောက်ယူရာမှာလည်း အားတက်သရောလုပ် ဆောင်ပေးနေသူဖြစ်ပါတယ်” ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရှင်းပြသည်။

ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PPDFတပ်ရင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားနှင့်ရဲများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်သန်း ခေါင်စာရင်းကောက်ယူပေးနေသောဌာနဆိုင်ရာဝန်ထမ်းများကို စစ်ရေးပစ်မှတ်အဖြစ်အဓိကထားအရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PPDFတပ်ရင်းက တရားဝင် သတိပေးထားပြီဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article