27.4 C
Yangon

ကလေးမြို့ အဝင် လမ်းပိုင်း တစ်နေရာကို စစ်တပ်က မြောင်းတူးဖျက်ဆီးပြီး မြေမြုပ်မိုင်း ထောင်ထားမှု ရှိမရှိကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် စစ်ဆေးနေ

Must read

ကလေးမြို့ အဝင် လမ်းပိုင်း တစ်နေရာကို စစ်တပ်က မြောင်းတူးဖျက်ဆီးပြီး မြေမြုပ်မိုင်း ထောင်ထားမှု ရှိမရှိကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် စစ်ဆေးနေ

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အဝင် လမ်းပိုင်း တစ်နေရာကို အကြမ်းဖက် စစ်တပ်က မြောင်းတူးဖျက်ဆီးပြီး မြေမြုပ်မိုင်း ထောင်ထားမှု ရှိမရှိကို ဆက်လက် စစ်ဆေးနေကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် ကလေး-ဂန့်ဂေါ လမ်းရှိ ကလေးမြို့အဝင် လမ်းပိုင်း တစ်နေရာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြောင်းတူး၍ ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် မြေမြုပ်မိုင်းဟု ယူဆရသော အရာများကိုလည်း မြုပ်နှံသွားပြီး တော်လှန်ရေး တပ်ဖွဲ့များက စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းသည် ဒေသပြည်သူများ ကလေး မြို့ပေါ် ဈေးဝယ်သွားရန် အဓိကထား အသုံးပြုနေသော လမ်းပိုင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က လမ်းပိုင်းကို ဖျက်ဆီးလိုက်ခြင်းကြောင့် ပြည်သူများ သွားလာရေးနှင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ပိုမိုခက်လာမည်ကို ကြုံတွေ့နိုင်ကြောင်း သိရှိရသည်။

“ကလေးမြို့ အဝင်လမ်းပိုင်း တစ်နေရာကို စစ်ကောင်စီ တပ်သားတွေက မြောင်းတူး ဖျက်ဆီးလိုက်တာဟုတ်ပါတယ်။ ပြီးတော့ မိုင်းလို့ယူဆရတဲ့ အရာတွေကိုလည်း မြုပ်တယ်လို့သိရပါတယ်။ ဆက်လက် စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article