28 C
Yangon

ဘူးသိုမြို့နယ်၊ ဒေလော်ပူရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ဘူးသိုမြို့နယ်၊ ဒေလော်ပူရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဒေလော်ပူရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၃ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မူတြော်ခရိုင်က ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဘူးသိုမြို့နယ်၊ ဒေလော်ပူကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၂၅ နှစ်အရွယ် စောဖါးနူ နှင့် အသက် ၃ နှစ်အရွယ် ၎င်း၏ သမီးငယ် ဖြစ်သူ နော်မုနော်တို့ ပွဲချင်းပြီး ထိမှန်သေဆုံးခဲ့ကြောင်း၊ ကျေးရွာနေ အသက် ၁၄ နှစ်အရွယ်ရှိ နော်ဖိုးငယ်လည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်က ဂျက်တိုက် လေယာဥ် ၂ စီးဖြင့် ဖာပွန်မြို့ရှိ ရပ်ကွက် ၁ နှင့် ရပ်ကွက် ၂ အတွင်းကို ဗုံးသီး ၁၀ လုံး ကျဲချခဲ့ခြင်းကြောင့် အိမ်ယာဟောင်း အနီးအနားတွင် ဟင်းသီးဟင်းရွက်များ ရှာဖွေနေသည့် အသက် ၅၀ နှစ်အရွယ် ကလေး ၅ ဦး၏ မိခင်ဖြစ်သူ နော်ဟဲခူ ဗုံးစထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article