21.2 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် မိုင်းရှင်းလင်းရေး လုပ်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

မုံရွာ-မန္တလေး လမ်းပိုင်းတွင် မိုင်းရှင်းလင်းရေး လုပ်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် မိုင်းရှင်းလင်းရေး လုပ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းမူမြို့နယ် မုံရွာ-မန္တလေး လမ်းပိုင်း၌ မိုင်းရှာနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက M-9 ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စက်လက်များဖြင့် ပစ်ခတ်ပြီး ထိုးစစ်ဆင်လာ၍ ထပ်မံ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ဘက်မှ သံချပ်ကာကားပါ စစ်ကူလိုက်ပါလာသောကြောင့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ဒဏ်ရာ ရရှိသော စစ်ကောင်စီ တပ်သား များပြားပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မိုင်းရှင်းလင်းရေး လုပ်နေတဲ့ စစ်ခွေးတွေကို M-9 တစ်လုံးနဲ့ အရင် ပစ်ခတ် တိုက်ခိုက်လိုက်တာ စစ်ကောင်စီ တပ်သားတွေ အနီး ကျရောက် ပေါက်ကွဲပြီး စစ်ခွေးတွေ ဦးတည်ချက်မဲ့ ထွက်ပြေးနေတုန်း လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်ပြီး မောင်းထုတ်နိုင်ခဲ့တယ်။ ပစ်ခတ်မှုပြီးသွားတော့ စစ်ခွေး ၁၀ ကောင်က ပြန်လည် ထိုးစစ်ဆင်လာပြီး MA-2 စက်လက်နဲ့ ထောက်ပြီး တိုးလာလို့ ပစ်ခတ်မှု ထပ်ဖြစ်ခဲ့ပါတယ်။ စစ်ခွေးတွေက သံချပ်ကာကားနဲ့ပါ စစ်ကူလာလို့ ကျွန်တော်တို့ ရဲဘော်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်းမှာ စစ်ခွေး ၁ ကောင် သေဆုံးပြီး ဒဏ်ရာရတဲ့ စစ်ခွေး အရေအတွက်လည်းများတယ်” ဟု Moe Nyo Revolution Force M.N.R.F မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article