32 C
Yangon

ရေစကြိုမြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ၊ စစ်သား အလောင်း ၆ လောင်းကို မြေမြုပ်ထားခဲ့

Must read

ရေစကြိုမြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ၊ စစ်သား အလောင်း ၆ လောင်းကို မြေမြုပ်ထားခဲ့

■ စစ်တပ်က ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ အောက်တိုဘာ ၁၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိကာ စစ်သား အလောင်း ၆ လောင်းကို မြေမြုပ်ထားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၅၆ တပ်ရင်းမှ ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် နံနက် ၅ နာရီခန့်တွင် ဇီးကုန်းကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် ဇီးကုန်းနှင့် ဇီးကုန်းကျွန်း ကျေးရွာ အကြား ရောက်ရှိလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်မှ တော်လှန်ရေး ရဲဘော်များက ကြားဖြတ် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးပြီး MA-3 သေနတ် ၁ လက် ကျည်ဘောက် ၄ ဘောက် MA-11 သေနတ် ၁ လက်နှင့် ကျည်ဘောက် ၃ဘောက် နှင့် 5.56 mm ကျည် ၂၇၅ တောင့် အီနာဂါဗုံးသီိးတစ်လုံး အားသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နှစ်ဖက် အပြန်အလှန် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် (ပကဖ) မှ ရဲဘော်နွေဦးသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး ကျန် ရဲဘော် ၂ ဦးလည်း အသက်အန္တရာယ် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ဇီးကုန်းကျေးရွာကို တော်လှန်ရေး ရဲဘော်များ နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်ခဲ့သော ဇီးကုန်းကျေးရွာမှ ဘုန်းကြီး ၁ ပါးနှင့်ပြည်သူ ၂ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား မြေမြုပ်ထားခဲ့သည့် စစ်သား အလောင်း ၆ လောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“စစ်ခွေးတွေ သတ်ဖြတ်သွားတာက သံဃာတော် ၁ ပါးရယ် ပြည်သူ ၂ ဦးရယ်ပေါ့။ ကျန်တဲ့အလောင်းတွေက စစ်ခွေး အလောင်း ၆ လောင်းပေါ့။ ကျွန်တော်တို့တွေ ပြည်သူတွေကို အပြည့်အဝ ကာကွယ်သွားမယ် ဆောင်ပုဒ်နဲ့ အညီ ဆက်လက်ကြိုးစားသွားမယ်။ အဲစစ်ခွေး စစ်ကြောင်းက ဇီးကုန်းကျေးရွာထဲက ၁၁ ရက်နေ့က တနေကုန်နေတယ် နေပြီးတော့ ညနေ အချိန်မှာ ဆင်ချောင်းဘက်ကဆင်းသွားပြီးတော့ ကားတွေနဲ့ လာခေါ်သွားတယ်။ အခု ခွေးစစ်ကြောင်းက ပခန်းကြီးနယ်မြေရဲစခန်းမှာလို့ သိရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article