30 C
Yangon

နမ့်ဖတ်ကာတွင် စစ်ပွဲလက်ကျန် ၆၀ မမ ဗုံး ၁ လုံး ယူဆောင်လာပြီး ယမ်းမှုန့် ထုတ်ယူရန် ကြိုးစားစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦး သေဆုံး

Must read

နမ့်ဖတ်ကာတွင် စစ်ပွဲလက်ကျန် ၆၀ မမ ဗုံး ၁ လုံး ယူဆောင်လာပြီး ယမ်းမှုန့် ထုတ်ယူရန် ကြိုးစားစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်၊ နမ့်ဖတ်ကာမြို့နယ်တွင် စစ်ပွဲလက်ကျန် ၆၀ မမ ဗုံး ၁ လုံး ယူဆောင်လာပြီး ယမ်းမှုန့်များကို ထုတ်ယူရန် ကြိုးစားစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦး သေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် နမ့်ဖတ်ကာမြို့နယ်၊ ပန်ခါးကျေးရွာတွင် နေထိုင်သည့် အမျိုးသား ၂ ဦးက တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ၆၀ မမ အမျိုးအစား လက်နက်ကြီး ၁ လုံး ယူဆောင်လာပြီး ​ဗုံးသီးအတွင်းမှ ယမ်းမှုန့်များကို ထုတ်ယူရန် ကြိုးပမ်းနေစဥ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ပန်ခါးကျေးရွာသား အသက် ၂၇ နှစ်အရွယ် ခွန်ဂျာချောင်နှင့် ခိုမုန်းကျေး ရွာသား အသက် ၆၀ အရွယ် ဦးညီထွမ်းတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားသည့်နေရာကို မန်အောင်ခရိုင် နမ့်ဖက်ကာ ရဲတပ်ဖွဲ့မှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ထို့ပြင် ပြီးခဲ့သည့် မတ်လ ၂၁ ရက် နေ့ကလည်း နမ့်ဖတ်ကာတွင် အမျိုးသား ၁ ဦးသည် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးကို ယူဆော့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၁၃ ရက်နေ့ကလည်း မပေါက်ကွဲသေးသည့် မိုင်း ၁ လုံးကို ကလေးများက ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article