28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက်စစ်ကောင်စီက ထိုင်းနဲ့ တရုတ်ထုတ် လူသုံးကုန်နဲ့ စားသောက်ကုန်တွေကို တရားဝင် သွင်းကုန် လိုင်စင်နဲ့ တင်သွင်းတာမျိုးမဟုတ်ရင် ကုန်တိုက်၊ စျေးဝယ်စင်တာ၊ မီနီမတ်တွေနဲ့ ရပ်ကွက် စျေးအရောင်း ဆိုင် တွေမှာပါ ရောင်းချခြင်းမပြုဖို့ သတိပေးနေတာကြောင့် ပြည်ပထုတ် လူသုံးကုန်နဲ့ စားသောက်ကုန်တွေ ရောင်းချမှုအားလုံး ရပ်ဆိုင်းသွားတယ်လို့ ပြည်တွင်းစီးပွားရေးအသိုင်းအ၀ိုင်းနဲ့ ရန်ကုန်မှ ပြည်သူတချို့က ပြောပါတယ်။

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ကန့်ကွက်ရှုံ့ချလိုက်ပြီး အကြမ်းဖက်စစ်အုပ်စုက အမျိုးသားရေးလှုပ်ရှားမှု အမည်ခံကာ တရုတ်ဆန့် ကျင်ရေး လုပ်ဆောင်ခဲ့ခြင်းနဲ့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ လက်သည်တရားခံ ဖြစ်ခဲ့တယ်လို သတိပေး ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ကုန်သွယ်ရေးဇုန်အတွင်းကို အကြမ်းဖက်စစ်သား ၁၀၀ ကျော် လေထီးနဲ့ ဆင်းနေပြီး လေထီးမပွင့်တဲ့အတွက် သေဆုံးသူတွေလည်း ရှိတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါကျေးရွာက ပြည်သူ ၆ ဦးကို စစ်ကောင်စီက ရက်ရက်စက်စက် သတ်ဖြတ်ပြီး ခေါင်းနဲ့ ခြေလက်တွေဖြတ်ကာ ခြံစည်းရိုးတွေ ချိတ်ထားတာ၊ မီးရှို့သတ်ဖြတ်တာ၊ လူခန္ဓာကိုယ်ကနေ အူတွေထုတ် အသားတွေကို အရိုးပဲကျန်တဲ့အထိ ခြစ်ထုတ်ကာ အလွန်ရက်စက်စွာပြု လုပ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article