31 C
Yangon

ဂန့်ဂေါ၊ တောင်ခင်ရန်ရွာနှင့် ရွှေဘိုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ဂန့်ဂေါ၊ တောင်ခင်ရန်ရွာနှင့် ရွှေဘိုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ တောင်ခင်ရန်ရွာနှင့် ရွှေဘိုရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး အပြင်းထန် ဒဏ်ရာရရရှိခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ကျေးရွာအတွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ခင်ရန် ကျေးရွာနှင့် ရွှေဘိုကျေးရွာတို့ကို ၁၂၀ မမ လက်နက်ကြီး ၆ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း တောင်ခင်ရန်းကျေးရွာ အမှတ် ၁ ရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ညာခြေထောက် လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိပြီး ဒူးအောက်ပိုင်း ဖြတ်တောက်ရမည့် အခြေအနေရှိခဲ့ကြောင်း၊ ထို့ပြင် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦး၌လည်း ခြေထောက်နှစ်ဖက်စလုံး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“အမျိုးသမီးတစ်ဦးကတော့ ဖြတ်တောက်ရမယ်လို့ သိရတယ်။ အမျိုးသားကတော့ မဖြတ်ရဘူး။ ဘာ တိုက်ပွဲမှ မရှိဘဲနဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး ရမ်းသမ်းပစ်ခတ်နေတာပါ။ မြောက်ခင်ရမ်းရွာအပါ အဝင် ဂန့်ဂေါမြို့နယ်နဲ့ ကလေးမြို့နယ်တွေထဲက ရွာတွေပါပေါင်းရင် အဲဒီဘက်ပိုင်းမှာက ပျူရွာ ၁၁ ရွာ လောက်ရှိသေးတယ်။ တောင်ခင်ရန်းရွာမှာက အရင်က ရဲစခန်းရှိတယ်။ အဲဒီရဲစခန်းက အရင်နှစ် နိုဝင်ဘာလလောက်ကတည်းက ရဲတွေအားလုံး မြောက်ခင်ရန်းပျူရွာမှာ သွားပေါင်းနေကြတာ။ အခု ပြည်သူတွေပဲရှိတော့တယ်။” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဂန့်ဂေါမြို့ နယ် တောင်ခင်ရန်း ကျေးရွာ ပကဖ ၊ ပအဖ အဖွဲ့ဝင်များ၊ မြို့နယ်ဆေးဝါကုသမှုပေးရေးအဖွဲ့နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ အနီးစပ်ဆုံးဆေးရုံသို့ ပို့ဆောင်ကာ ကူညီစောင့်ရှောက်ပေးထား ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article