30 C
Yangon

ဘူးသို့မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်မှု ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ဘူးသို့မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်မှု ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၂၇

ကရင်ပြည်နယ်၊ ဘူးသို့မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU- မူတြော်ခရိုင်က ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ခေါပူ (ခေါပုတ်) ဒေသ၊ ခေါပုတ်အုပ်စု၊ ဘူးသိုမြို့နယ်၊ မူတြော်ခရိုင် အတွင်းကို ဗုံးသီး အလုံး ၄၀ ခန့်လာရောက် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ၂၅ ရက်နေ့ နံနက် ၁၀နာရီ ၁၅ နာရီခန့်ကလည်း အကြမ်းဖက် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဆောဘွဲဒဲကျေးရွာအတွင်းကို ဗုံးသီး ၂ လုံး လာရောက် ကျဲချခဲ့ပြီး စက်သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာတွင် ကျောင်း အဆောက်အဦး ၁ လုံးနှင့် အိမ်ခြေ ၃ လုံး ထိခိုက် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ညနေ ၅ နာရီ ၄၅ နာရီခန့်တွင်လည်း အဆိုပါ ကျေးရွာနှင့် အနီးအနား ဒေသအတွင်းကို ဗုံးသီး အလုံး ၃၀ ခန့် လာရောက်ကျဲ ချသွားခဲ့ကြောင်း၊ ည ၉ နာနာရီ မှ ၁၀ နာရီအတွင်း အကြမ်းဖက် စစ်ကောင်စီ ၏ တိုက်လေယာဥ်ဖြင့် ၎င်းတို့တပ်စခန်းရှိရာ ခေါပူနေရာအနီးအနားတစ်ဝိုက်ကိုလည်း ဗုံးသီး ၂ လုံး ၊ Y-12 လေယာဉ်ဖြင့် ဗုံးသီး ၃၀ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း KNU-မူတြော်ခရိုင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article