28 C
Yangon

အင်းတော်မြို့ရှိ စစ်စခန်းများကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

အင်းတော်မြို့ရှိ စစ်စခန်းများကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ စပြီး အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို KIA ပူးပေါင်း တပ်များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကိုလည်း ယာယီပိတ်ထားပြီး ခရီးသွားပြည်သူများလည်း ပိတ်မိနေကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားသည့်နေမှ စ၍ လက်ရှိချိန်ထိ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ထိတွေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့်လည်း အပြင်းအထန် ခုခံတိုက်နေကြောင်း သိရှိရသည်။

“တိုက်ပွဲက ပြင်းထန်နေတုန်းပဲ အခုထိ သိမ်းပိုက်နိုင်တာတော့ မရှိသေးဘူး။ ဆက်လက် ဖြစ်ပွားနေတုန်းပဲ” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရဲစခန်း၊ နဘားလမ်းဆုံရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းနှင့် ဩဂုတ်လ ၁၇ ရက်နေ့တွင် နဘားကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်တပ်စခန်းတို့ကို KIA ပူးပေါင်း တပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ခဏရပ်နားသွားပြီး နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ထိတွေ့ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article