20 C
Yangon

ပြောကျားစစ်မှ ခုခံစစ်သို့ ပြောင်းချိန်တွင် အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရန် ကျည်အလုံအလောက် ရှိဖို့ လိုအပ်နေကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့ ပြောဆို

Must read

ရန်ကုန်၊ မတ် ၁၂

မန္တလေးတိုင်း၊ မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း – နှလုံးလှလူမိုက်ကြီးများအဖွဲ့သည် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ကျည်လုံလောက်မှုရှိစေရန် ပြည်သူများ၏ ထောက်ပံ့ကူညီမှုများ လိုအပ်နေကြောင်း ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“ကျနော်တို့မှာ တိုက်ပွဲတစ်ပွဲ တိုက်မယ်ဆိုရင် ကျည်ဆန်ရှိမှပါ၊ ကျည်ဆန်မရှိဘဲ သေနတ်ရှိရုံနဲ့ တိုက်လို့ မရပါဘူး။ ကျနော်တို့မှာ ကျည်အလုံအလောက် မရှိရင် တိုက်ပွဲတိုက်တဲ့အခါ ကျွန်တော်တို့အသက်တွေက သေရုံပဲ ရှိပါတော့တယ်”ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ ကိုအရှည်ကြီးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် မြောင်မြို့နယ်တွင် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားပြီး မေလ ၃ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က ထုတ်ပြန်ထားသည်။

“ကျနော်တို့က ပြောက်ကျားစစ်ကနေ ခုခံစစ်သို့ ပြောင်းလဲခြင်း စစ်ဆင်ရေးနဲ့ သွားနေတာပါ၊ အဖွဲ့မှာက လူအင်အား ရာကျော် ရှိပါတယ်။ ထောက်ပံ့မှုက နည်းတေ့ာ အခက်အခဲများစွာ ရှိပါတယ်ဗျ။ ကျနော်တို့တွေက ရှေ့ကနေ အသက်တွေ၊ ဘဝတွေ၊ မိသားစုတွေကို စွန့်လွတ်ခဲ့ပြီးပြီ၊ နိုင်ငံကို စစ်အာဏာရှင်စနစ်ဆိုး အောက်ကို အရောက်မခံနိုင်ဘူး၊ နိုင်အောင်တိုက်မှာပါ။

အခုဆို တော်လှန်ရေးခရီးတဝက် ကျော်လာပါပြီ၊ ပြည်တွင်း ပြည်ပ အလှုရှင်တွေအနေနဲ့ တတ်နိုင်သလောက် ကူညီပေးစေလိုပါတယ်ဗျ။ မိဘပြည်သူများကလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးစေချင်ပါတယ်၊ ဘယ်နေရာက ပါဝင်ဝင် တော်လှန်ရေး သမားပါ” ဟု ကိုအရှည်ကြီးက ဆက်ပြောသည်။

ဆက်သွယ်လှူဒါန်းထောက်ပံ့လိုပါက မြင်းခြံခရိုင်အမှတ်-၅ တပ်ရင်း ဖေ့စ်ဘုတ်စာမျက်နှာ၏ Chat Box မှတဆင့် ဆက်သွယ်နိုင်ကြောင်း မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း – နှလုံးလှလူမိုက်ကြီးများအဖွဲ့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article